မြို့နယ်အဆင့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ (၂၆)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ ဆင်ပေါင်ဝဲမြို့နယ်တွင် ကျင်းပ

ဆင်ပေါင်ဝဲ ဖေဖော်ဝါရီ ၉

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အမှတ်(၁)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ယနေ့ နံနက် ၈ နာရီအချိန်က အခြေခံပညာကျောင်းပေါင်းစုံ မြို့နယ်အဆင့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ (၂၆)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ ကျင်းပခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ပန်းချီပြိုင်ပွဲတွင် ထက်/လယ်/မူအဆင့် ကျောင်းသား/သူ (၂၄)ဦး၊ ကာတွန်းပြိုင်ပွဲတွင် ထက်/မူ အဆင့်(၄)ဦး၊ ပိုစတာပြိုင်ပွဲတွင် ထက်/လယ်အဆင့် (၄)ဦး စုစုပေါင်း (၃၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲသို့ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးအောင်ကျော်မြင့်၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)