ကျွန်းလှ ဖေဖော်ဝါရီ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ) စာသင်ကျောင်းအား ယနေ့နံနက်က မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ကျွန်းလှမြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးဇော်လင်းဟန်နှင့် ဝန်ထမ်းများက စာသင်ကျောင်းအတွင်း အပြင်သန့်ရှင်းရေး၊ ရေကန်များရေဖြည့်ဆည်းထားရေး၊ ရေငုတ်တိုင်များကောင်းမွန်ရေး၊ စာသင်ခန်းများ လျှပ်စစ်မီးကြိုးများ စနစ်တကျသွယ်တန်းထားရှိမှုနှင့် မီးငြိမ်းသတ်ရေးပစ္စည်းများ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ အကြံပြုဆွေးနွေးမှာကြားခဲ့သည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ စာစစ်ဌာနတစ်ခုဖွင့်လှစ်မည်ဖြစ်ကြောင်း၊ စာမေးပွဲဝင်ခွင့်လျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူ ၂၂၉ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)