ရွှေဘို ဖေဖော်ဝါရီ ၁၀
ရွှေဘိုတက္ကသိုလ်၌ ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ ၄နာရီ အချိန်က အဆိုပါတက္ကသိုလ်ရှိ အားကစားရုံတွင် ကျင်းပရာ၊ ရွှေဘိုတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဒုတိပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများ၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နိုင်နိုင်ဝင်းနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျောင်းသားမောင်မယ် လူငယ်များအနေဖြင့် ကျောင်းနေပျော်၍ စာတော်သော လူငယ်လေးများ ဖြစ်အောင် ပညာရေးသာမက ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပြီး ပူးပေါင်းပါဝင်သည့် အလေ့အထကောင်း ရရှိစေရန်၊ အားကစားလှုပ်ရှားခြင်းဖြင့် ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်မှုအပြင် စိတ်ဓာတ်ပိုင်းဆိုင်ရာများလည်း ခိုင်မာလာစေရန်၊ ဥာဏ်ပညာ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် လူငယ်အားကစားသမားများ ပေါ်ထွက်စေရန်ရည်ရွယ်၍ အားကစားပြိုင်ပွဲများကို စဥ်ဆက်မပြတ် ကျင်းပပေးလျက်ရှိကြောင်း သိရသည်။
ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဘူမိဗေဒအသင်း ဒုတိယဆုရရှိသည့် ပထဝီအသင်း၊ တတိရဆု ရရှိသည့် သတ္တဗေဒအသင်းများအား ရွှေဘိုတက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီးဒေါက်တာမျိုးမျိုး၊ ဒုတိယပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာတင်တင်ရီ၊ ဌာနမှူး (ပါမောက္ခ)များ၊ သင်ကြားရေး ဆရာ/ဆရာမများက ဂုဏ်ပြုဆုငွေ၊ ဆုဆွဲပြား၊ ဆုဖလားတို့ကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်