ရန်ကင်းမြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြော

ရန်ကင်း ဖေဖော်ဝါရီ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်​ရေး အသိပညာပေးဟောပြောပွဲကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ နံနက် ၁၀နာရီခွဲက ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောရာတွင် ရန်ကင်းမြို့နယ်၊ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင်က လူကုန်ကူးမှုအန္တရာယ်တား ဆီးကာကွယ်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်ထားသဖြင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်နှင့်  လူကုန်ကူးခံရမှု ပုံစံအမျိုးမျိုးမှ ကင်းဝေးစေရန်  အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအတွက် လူကုန်ကူးမှုအန္တရာယ်နှင့် နောက် ဆက်တွဲဆိုးကျိုးများ၊ လူကုန်ကူးခံရသူများ၊ အထူးသဖြင့် အမျိုးသမီးနှင့် ကလေးငယ်များကို လူကုန်ကူးမှုအန္တရာယ်မှ  ကာကွယ်စောင့်ရှောက်ခြင်းများ၊ အကူအညီပေးခြင်းလုပ်ငန်းများအား ဆောင်ရွက်ခြင်းများကို  လုပ်ဆောင်ပေးလျက်ရှိကြောင်း အသိပညာပေး ဆွေးနွေးပြောကြား ခဲ့သည်။

ထို့နောက် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး နံရံကပ်ဗီနိုင်းအား ကျောင်းသား/ သူများ သိရှိနားလည်နိုင်စေရန်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ ဥပဒေများနှင့်ပတ်သက်၍ သိကောင်းစရာများကို ရှင်းလင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

 အိရွှေစင်(ပြန်/ ဆက်)