(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဟောပြောခြင်း၊ နံရံကပ်စာစောင်များပြသခြင်းနှင့် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ဇမ္ဗူသီရိ ဖေဖော်ဝါရီ ၁၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ်(၁၄၀) အ.မ.က(မူလွန်) လက်ပဲခါးလှကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပြည်ထောင်စုနေ့ဖြစ်ပါ်လာပုံ သမိုင်းအကြောင်းအရာများကို သိရှိ‌စေရန်ဟောပြောပေးခဲ့ပြီး၊ ပြည်‌ထောင်စုနေ့နှင့်ပတ်သက်သည့် နံရံကပ်စာစောင်ပါအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှုလေ့လာခြင်းဖြင့် ပြည်ထောင်စုကြီးကို ကာကွယ်ကာလေးစားမြတ်နိုးခြင်း၊ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်း၊ ပြည်ထောင်စုစိတ်ဓာတ် ထာဝစဉ်တည်တံ့ခြင်းများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြိုနံရံကပ်စာစောင်များကို ယနေ့နံနက်က ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၄၀)၊ အမက(မူလွန်)လက်ပံခါးလှကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများထံ သွားရောက်ကာ ဟောပြောခြင်း၊ နံရံကပ်စာ‌စောင်များပြသခြင်းတို့ကိုဆောင်ရွက်ကာ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ၁၉၄၆ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းပြောကြားသော မိန့်ခွန်းမှကောက်နုတ်ချက်၊ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက်များ၊ ဆောင်ပုဒ်၊ ကဗျာနှင့် ဆောင်းပါးများ၊ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်၏ အဓိပ္ပာယ်စသည့်အကြောင်း အရာများပါဝင်ကြောင်း သိရှိရသည်။

နီလာ(ပြန်/ဆက်)