ရေတာရှည်မြို့နယ်တွင် လူငယ်အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

ရေတာရှည်  ဖေဖော်ဝါရီ  ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  လူငယ်အသိပညာပေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ  ယနေ့တွင် အမှတ်() ရပ်ကွက်နှင့် အမှတ် () ရပ်ကွက်တို့ရှိ အခြေခံပညာ အလယ်တန်းကျောင်းများ၌ လူငယ်အသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

လူငယ်အသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးဆုစံက လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့် စာရိတ္တ၊ လူငယ်နှင့်ကြီးပွားရေး စသည့်အကြောင်းအရာများအား ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ကျောင်းသူကျောင်းသားများအား ၇၆ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ပြီး  မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး၊ လူကုန်ကူးမှုအန္တရာယ် အသိပညာပေး၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး၊ သက်ငယ်မုဒိမ်းကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များအား ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရေတာရှည်(ပြန်/ဆက်)