(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကလေးပြိုင်ပွဲနှင့်ဆုပေးပွဲကျင်းပ

ညောင်ဦး ဖေဖော်ဝါရီ ၁၀

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူးကျင်းပသည့် ကလေးပြိုင်ပွဲကျင်းပခြင်းနှင့် ဆုပေးပွဲအခမ်းအနားကျင်းပခြင်းကို ဖေဖော်ဝါရီ ၁၀ ရက်၊ နံနက် ၈ နာရီအချိန်က အမှတ်(၁)၊ သာယာဝတီရပ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးတွင် ကလေးပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ညောင်ဦးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ထွေးထွေးဝင်းက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ကလေးပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပရခြင်းအကြောင်းအရာကို အမှာစကားပြောကြားသည်။ ပြီးနောက် သတ် မှတ်ဒိုင်အဖွဲ့(၃)ဖွဲ့မှ ပြိုင်ပွဲဝင်ကလေးငယ်များ၏ ကိုယ်ခန္ဓာဖွံ့ဖြိုးမှု၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ တစ်ကိုယ်ရေကျန်းမာရေး၊ မီးဖွားမှု(သားဖွား/အရံသားဖွား/ဆေးရုံတွင်မွေး/မမွေး)၊ ဖွားစာရင်းတိုင်ကြားမှု၊ ဉာဏ်ရည်ဖွံ့ဖြိုးမှု(အသက်အလိုက်ရှိရမည့် ဉာဏ်ရည်ဖွံ့ဖြိုးမှုအ ပေါ်မူတည်ကာ ဆံပင်၊ မျက်စေ့၊ နား၊ နှာခေါင်း၊ သွား/ပါးစပ်၊ အရေပြား၊ လက်သဲ/ခြေသဲ၊ အဝတ်အစား၊ လျှာ၊ အဆုပ်၊ တို့အား စစ်ဆေးအမှတ်ပေးအကဲဖြတ်ခြင်းဖြစ်ကြောင်း၊ ပေါင် ချိန်ခြင်းနှင့် အသက်အရွယ်အလိုက်ရှိရမည့်ဖွံ့ဖြိုးမှုများကို စိစစ်အမှတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ ကလေးပြိုင်ပွဲတွင် ဆုရရှိသူများအား ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ခရိုင်မိခင်နှင့်ကလေးစောင့် ရှေက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ထွေးထွေးဝင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဇာဇာဝင့်တို့မှ ကလေးပြိုင်ပွဲတွင်ဆုရရှိသည့် ကလေးငယ်များအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း