သံတောင်ကြီး ဖေဖော်ဝါရီ ၁၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့သည် တောင်ပေါ်ဒေသဖြစ်ပြီး ဥယျာဉ်ခြံသီးနှံများဖြစ်သောနှစ်ရှည်ခံပင်များကို စိုက်ပျိုးရာ၌ အောင်မြင်ဖြစ်ထွန်းသည့်အတွက် နှစ်ရှည်ခံ သီးနှံများတွင် တစ်ခုအပါအဝင်ဖြစ်သည့် ပိန္နဲသီးပင်များကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည်။
သံတောင်ကြီးဒေသတွင် တောင်ပေါ်ပိန္နဲသီးပင်များကိုသာ အများအားဖြင့်စိုက်ပျိုးပြီး (၇)နှစ်ခန့်တွင် အသီးများစတင်သီးလေ့ရှသည်။ ပိန္နဲပင်များကို ဥယျာဉ်ခြံများတွင် အခြားနှစ်ရှည်သီးနှံပင်များနှင့်ရောနှော၍ လည်းကောင်း၊ မိမိနေအိမ် ပတ်ဝန်းကျင်မြေလွတ်နေရာများတွင်လည်းကောင်း စိုက်ပျိုးကြသည်။
သံတောင်မြို့ထွက် ပိန္နဲသီးများကို တောင်ငူမြို့နှင့် သံတောင်ကြီးမြို့ရှိ အသီးအနှံရောင်းဝယ်သူများထံတွင် သွားရောက်ရောင်းချလေ့ရှိပြီး အရွယ်အစားအပေါ်မူတည်၍ ပိန္နဲသီးအသေး တစ်လုံးလျှင် ကျပ် (၅၀၀) နှုန်းဖြင့်လည်းကောင်း၊ အကြီးတစ်လုံးကိုကျပ် (၁၀၀၀) နှုန်းဖြင့်လည်းကောင်းရရှိကြောင်း သိရသည်။
စောမင်းသား