လယ်ဝေး ဖေဖော်ဝါရီ ၁၀
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယနေ့ညနေပိုင်းက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် Talk Show ဆောင်ရွက်ခဲ့သည်။
အဆိုပါ Talk Show တွင် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်နှင့် ဒေါ်သက်သက်နွယ် စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)တို့က ပြည်ထောင်စုစိတ်ဓာတ်၏အဓိပ္ပါယ်နှင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ ပြည်ထောင်စုနေ့နှင့် လွတ်လပ်ရေးနေ့တို့သည် သမိုင်းစဉ်အတိုင်းဆက်စပ်လျက်ရှိကြောင်း စသည့်အကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့သည်။
လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများစာပေအသိပညာနှင့် ဗဟုသုတများတိုးပွားစေရေးအတွက် အွန်လိုင်းမှတစ်ဆင့် အသိပညာပေး Talk Show ဆွေးနွေးပွဲများ၊ ပြည်သူအသိပညာပေး ဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)