သတင်းများ

မိုင်းငေါ့မြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေး နယ်လှည့်ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
Feb 10,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့်စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၁)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကွင်းဆင်းပြုလုပ်ဆောင်ရွက်ခဲ့သည်။
သုံးခွမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ရေးမိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Feb 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၌ သားအိမ်ခေါင်း ကင်ဆာကာကွယ်ရေးမိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့၊ သီတဂူရွှေဥရာစုသစ်စက္ခုဒါန​ ဆေးရုံတော်ကြီး၌ (နဝမအကြိမ်) မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေး
Feb 10,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့သီတဂူစက္ခုဒါန ဆေးရုံတော်ကြီးတွင် နဝမအကြိမ် အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသခြင်းကို ၂၀၂၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၉ ရက်မှ ၁၂ ရက်နေ့အထိ မျက်စိဝေဒနာရှင်များအား စမ်းသပ်ခွဲစိတ်ကုသပေးမည် ဖြစ်ကြောင်း သိရသည်။
ဂန့်ဂေါမြို့၊ အခြေခံပညာအလယ်တန်းကျောင်း(မြောက်ကုန်း)တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ
Feb 10,2023
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်က အခြေခံပညာအလယ်တန်းကျောင်း (မြောက်ကုန်း)တွင် ကျင်းပပြုလုပ်ခဲ့သည်။
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်းဘော်လီဘော(အမျိုးသား)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Feb 10,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ၂၀၂၃-ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်း ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက မြို့မအားကစားကွင်းရှိ မြို့မအားကစားရုံအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျိန္တလီမြို့၌ လူငယ်စကားဝိုင်းကျင်းပ
Feb 10,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၁၁ နာရီအချိန်က အ.ထ.က ကျိန္တလီကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ပခုက္ကူမြို့နယ်၌ ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာ အသိပညာပေး(Talk Show)ပွဲ အစီအစဉ်ကျင်းပ
Feb 10,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ပြည်သူအများပြည်ထောင်စုနေ့နှင့်ပတ်သက်သော သမိုင်းအကြောင်းအရာများ ကျယ်ကျယ်ပြန့်ပြန့်လေ့လာသိရှိပြီး တန်ဖိုးထားထိန်းသိမ်းကာကွယ်စောင့်ရှောက်တတ်ကြစေရန် ရည်ရွယ်၍ ပြည်ထောင်စု နေ့အကြောင်းသိကောင်းစရာအသိပညာပေး(Talk Show)ပွဲအစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။
ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲဆောင်ရွက်
Feb 10,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်း သိကောင်းစရာ Talk Show ဆွေးနွေးပွဲကို ယမန်နေ့က ကျင်းပြုလုပ်ခဲ့သည်။