သတင်းများ

လက်ပံတန်းမြို့နယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲကျင်းပ
Feb 10,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲများကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနခန်းမနှင့် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းလုပ်ငန်းကို ဆက်လက်ထိုးနှံ‌
Feb 10,2023
ရန်ကုန်တိုင်း‌ဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် အသက် ၁၈ နှစ် အထက်များအား Myancopharn ကာကွယ်ဆေးများကို ပထမအကြိမ် ထိုးနှံပေးပြီး၊ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းပြင်ပကလေးများအား Pfizer ကာကွယ်ဆေးများကို ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ခေမာသီလမ်း၊ ဝေပုလ္လအိမ်ယာအနီး မြို့နယ်ကျန်းမာ‌ရေးဦးစီးဌာနရုံးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ရာနှုန်းပြည့်ပြီးစီးရေး အရှိန်အဟုန် မြှင့်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်
Feb 10,2023
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့နံနက်ပိုင်းတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကဗျာရွတ်ပြိုင်ပွဲကျင်းပ
Feb 10,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟုမ္မလင်း၌ သက်ကြီးဘိုးဘွားများ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အာဟာရဒါနဆန်ပြုတ် တိုက်ကျွေး
Feb 10,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက် ပေးခြင်းကို ယနေ့ နံနက် (၉)နာရီမှ ၁၂ နာရီထိ အပတ်စဉ် သောကြာနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တွံတေးမြို့နယ်၌ အ.ထ.က( ခွဲ)ကျွန်းတော၌၂၀၂၂ ခုနှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Feb 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ကျွန်းတောရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းအဆင့် ၂၀၂၂ ခုနှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ မိနစ်၃၀အချိန်က   အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကျွန်းတော၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နွားထိုးကြီးမြို့လူထုအခြေပြုဗဟိုဌာန၌ လေပြင်းဘေးအသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်
Feb 10,2023
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ လေပြင်းဘေးဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျွန်းစုမြို့တွင် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အကြို မူလတန်းကြိုကျောင်းတွင်း ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲ ကျင်းပ
Feb 10,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အကြိုကျောင်းတွင်း ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရှိ ကျွန်းစုမူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။