လှည်းကူး ဖေဖော်ဝါရီ ၃
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာဖတ်ပရိတ်သတ်များအတွက် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းနှင့် ငှားရမ်းထားသောစာအုပ်များ ပြန်လည်သိမ်းဆည်းခြင်းကို ယနေ့မွန်းလွဲ(၂)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက လှည်းကူးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသို့ ကွင်းဆင်းဆောင်ရွက်ပေးသည်။
ထိုသို့ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းအားဖြင့် စာဖတ်ပတ်ရိတ်သတ်ပိုမိုတိုးတက်လာခြင်း၊ အသင်းဝင်ပိုမိုတိုးတက်လာခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် စာကြည့်တိုက်သို့မလာရောက်နိုင်သည့် စာပေချစ်မြတ်နိုးသူစာဖတ်ပရိတ်သတ်များ အလွယ်တကူစာပေဖတ်ရှုလေ့လာနိုင်ခြင်း၊ အားလပ်အချိန်ကိုအကျိုးရှိစွာအသုံးပြုနိုင်စေခြင်းစသည့် စာပေဖတ်ရှုလေ့လာခြင်းဖြင့် အတွေးအခေါ်ပိုမိုကောင်းမွန်လာခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်စေရန်ရည်ရွယ်၍ ဌာနဆိုင်ရာရုံးများနှင့် စာသင်ကျောင်းများသို့ အပတ်စဉ်အလှည့်ကျ စာအုပ်၊ စာစောင်များကွင်းဆင်း၍ ငှားရမ်းပေးလျက်ရှိကြောင်း သိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)