လှည်းကူးမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများပြုလုပ်

လှည်းကူး    ဖေဖော်ဝါရီ   ၃

ရန်ကုန်တိုင်းဒေသကြီး၊ လှည်ကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုမူလတန်းအဆင့်ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးတင်မျိုးအောင်က မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်များကို ကျောင်းသား/သူများအနေဖြင့် အစဉ်အမြဲသိရှိစေရန်၊ နေ့ထူးနေ့မြတ်များအကြောင်း ဗဟုသုတရရှိစေရန်စဉ်းစားတွေးခေါ်မှုအားကောင်းစေရန် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြည်ထောင်စုနေ့ပေါ်ပေါက်လာပုံအကြောင်း အသိပညာပေးဟောပြောပြီး နောက်စာစီစာကုံးပြိုင်ပွဲ၊ န်းချီဆွဲပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲများဆက်လက်ဆောင်ရွက်ပေးရာ သာသနာ့ရိပ်သာရပ်ကွက်ရှိ ရန်ကင်းအခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား/သူ(၂၀)ဦးပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကိုလည်း ဆုများပေးအပ်ကြောင်း သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)