မုံရွာတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ကဗျာဖွဲ့နည်းသင်တန်း ဆင်းပွဲပြုလုပ်
Feb 03,2023
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာတက္ကသိုလ်တွင် မြန်မာကဗျာဖွဲ့နည်းအခြေခံကို ကျွမ်းကျင်ပိုင်နိုင်ရန် မြန်မာစာပေ၊ မြန်မာ့ ယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထား တက်စေရန် ရည်ရွယ်၍ တစ်လတာ ဖွင့်လှစ်ခဲ့သော ၂၀၂၂-၂၀၂၃ ခုနှစ် ကဗျာဖွဲ့နည်း သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ မုံရွာ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ မုံရွာတက္ကသိုလ် ပါမောက္ခချုပ်ကြီး ဒေါက်တာ အောင်ကျော်သင်နှင့် တာဝန်ရှိသူများနှင့် သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။