ဘားအံတက္ကသိုလ်၌(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ဆောင်းပါး၊ ကဗျာ၊ ကျပန်း၊ ပန်းချီပြိုင်ပွဲများ ကျင်းပ

ဘားအံ   ဖေဖော်ဝါရီ  ၃

ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ဆောင်းပါး၊ ကဗျာ၊ ကျပန်း၊ ပန်းချီပြိုင်ပွဲများကို အဆိုပါတက္ကသိုလ်၏ ငုရွှေဝါခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ/ဆရာမ များ၊ ဘာသာရပ်အသီးသီးမှ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ဘားအံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးက အဖွင့်အမှာစကားပြောကြားပြီးနောက် စာစီစာကုံး၊ ဆောင်းပါး၊ ကဗျာ၊ ကျပန်း၊ ပန်းချီပြိုင်ပွဲများအားကျင်းပရာ ၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်(၅)ရပ်ကို ဖော်ဆောင်သည့် ပြိုင်ပွဲဝင်ခေါင်းစဉ်များဖြင့် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ/ဆရာမ(၈၁)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်