မုံရွာ ဖေဖော်ဝါရီ ၃
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာတက္ကသိုလ်တွင် မြန်မာကဗျာဖွဲ့နည်းအခြေခံကို ကျွမ်းကျင်ပိုင်နိုင်ရန် မြန်မာစာပေ၊ မြန်မာ့ ယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားတက်စေရန် ရည်ရွယ်၍ တစ်လတာ ဖွင့်လှစ်ခဲ့သော ၂၀၂၂-၂၀၂၃ ခုနှစ် ကဗျာဖွဲ့နည်း သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ မုံရွာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ မုံရွာတက္ကသိုလ် ပါမောက္ခချုပ်ကြီး ဒေါက်တာ အောင်ကျော်သင်နှင့် တာဝန်ရှိသူများနှင့် သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မုံရွာတက္ကိသုလ် ပါမောက္ခချုပ်ကြီး ဒေါက်တာ အောင်ကျော်သင်က သင်တန်းဆင်း အမှာစကားပြောကြားပြီး ကဗျာဖွဲ့နည်းသင်တန်းစာမေးပွဲနှင့် မုံရွာတက္ကသိုလ်သီချင်းအတွက် တေးကဗျာဖွဲ့ဆိုယှဉ်ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသူများ၏ အမည်စာရင်းကို ကြေညာကာ အဆိုပါ ဆုရရှိသင်တန်းသားများက ဆုရကဗျာများကို ရွတ်ဆိုမှုတို့အား ကြည့်ရှုအားပေးခဲ့ သည်။
ဆက်လက်ပြီး မုံရွာတက္ကိသုလ် ပါမောက္ခချုပ်ကြီး ဒေါက်တာ အောင်ကျော်သင်နှင့် တာဝန်ရှိသူ များက ကဗျာဖွဲ့နည်း ပြိုင်ပွဲတွင် အညာတမာ၊ အသည်းအသက် ခေါင်းစဉ်ဖြင့် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု(၁)၊ (၂) ဆုရသင်တန်း သား(၅)ဦးနှင့် မုံရွာတက္ကသိုလ်သီချင်းစပ်ရန် အတွက် တေးကဗျာဖွဲ့ဆို ယှဉ်ပြိုင်ပွဲတွင် အထူးဆုရရှိသူအား ဆုချီးမြှင့်ခြင်း နှင့် သင်တန်းဆင်း ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား အောင်လက်မှတ်များကို လည်းကောင်း၊ ကဗျာဖွဲ့နည်း သင်တန်းနည်းပြများအား ဂုဏ်ပြုလက်ဆောင်များကို လည်းကောင်း အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြပြီး နောက် ကဗျာဖွဲ့နည်းသင်တန်းသား တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာ အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အဆိုပါ ကဗျာဖွဲ့နည်းသင်တန်းတွင် မုံရွာတက္ကသိုလ်မှ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၄၃)ဦး သင်တန်းကာလ တစ်လကြာ ပါဝင်ယှဉ်ပြိုင်တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)