သတင်းများ

တိုက်ကြီးမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Feb 03,2023
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် မီးဘေးအန္တရာယ်ဖြစ်ပွားမှု မရှိစေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ ညနေ ၃ နာရီက ကျင်းပသည်။
သိန္နီမြို့၌ ရေချိုးဆပ်ပြာရည် ပြုလုပ်နည်းသင်တန်းဖွင့်လှစ်
Feb 03,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် အမျိုးသမီးများ တစ်နိုင်တစ်ပိုင် စီးပွား‌‌ရေး အထောက်အပံ့ဖြစ်စေရေးနှင့် စိတ်ပိုင်းဆိုင်ရာ အပန်းပြေစေရေးတို့အတွက်ရည်ရွယ်၍
ဟင်္သာတမြို့နယ် လူမှုအကျိုးပြုကော်မတီ၏ ဦးဆောင်မှုဖြင့် မှုးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Feb 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် မြို့နယ်လူမှုအကျိုးပြု ကော်မတီ၏ ဦးဆောင်မှုဖြင့် မှုးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နေ့လည် ၁ နာရီက ဟင်္သာတမြို့ တာငါးဆယ်တောင်ရပ်ကွက်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကွမ်လုံမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ဟိုလီ)၌ လူငယ်စကားဝိုင်း ကျင်းပ
Feb 03,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀)နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း(ဟိုလီ)၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနသို့ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ) ၌ လူငယ်စကားဝိုင်း ကျင်းပ
Feb 03,2023
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ) ၌ ကျင်းပသည်။
ရေတာရှည်မြို့ အခြေခံပညာအလယ်တန်းကျောင်း(အစ်ဝှာ)၌ အသိပညာပေးဟောပြောပွဲကျင်းပ
Feb 03,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့ အမှတ် (၂) ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(အစ်ဝှာ)၌ ​ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာအဖွဲ့တို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းဆတ်မြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Feb 03,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဆေးရောင်ခြယ် ပြိုင်ပွဲကို ယနေ့မွန်းတည့်(၁၂)နာရီက လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပုသိမ်ခရိုင်အတွင်းရှိ Gasifire သုံးဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကျင်းပ
Feb 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ပုသိမ်ခရိုင်အတွင်းရှိ Gasifire သုံး ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးအစည်းဝေးခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။