ပန်ဆိုင်း ဖေဖော်ဝါရီ ၃
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့တွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့်(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပသည်။
ရှေ့ဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းမြတ်အောင်က အမှာစကားပြောကြားရာတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲများကျင်းပပြုလုပ်ရန် လျာထားပါကြောင်း ပြိုင်ပွဲများအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီဖွဲ့စည်းထားမှုအခြေအနေများ ရပ်ကွက်နှင့်ကျေးရွာများရှိ သက်ဆိုင်ရာအားကစားအသင်းများနှင့် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့်အဖွဲ့ဝင်များ၊ မြို့အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြပြီး မိမိတို့ဆောင်ရွက်မည့် ကဏ္ဍအလိုက်ဆွေးနွေးတင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းမြတ်အောင်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပန်ဆိုင်း(ပြန်/ဆက် )