သတင်းများ

ကျောက်ကြီးမြို့နယ်၌ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းနှင့် ကိုယ်ဝန်ဆောင် မေးခိုင်ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်
Feb 03,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက် ၈ နာရီအချိန်ခန့်က မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများမှ မိခင်နှင့်ကလေးကျန်းမာရေးဌာန(MCH)တွင် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းနှင့် ကိုယ်ဝန်ဆောင် မေးခိုင်ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွတ်ခိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို နံရံကပ်၊ ဓာတ်ပုံ၊ စာအုပ်စာစောင်ပြပွဲ ကျင်းပ
Feb 03,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နေ့လည်(၂)နာရီအချိန်က ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင်ကျရောက်မည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲများကို ကျင်းပပြုလုပ်ကြောင်း သိရသည်။
မြောင်းမြခရိုင်အတွင်းရှိ GASIFIRE ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကျင်းပ
Feb 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်အတွင်းရှိ GASIFIRE ဆန်စက်လုပ်ငန်းရှင် များနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက်(၉:၀၀) နာရီအချိန်က မြောင်းမြခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်တော်မြို့၌လူငယ်အသိပညာပေး(Talk Show)ပြုလုပ်
Feb 03,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ လူငယ်အသိ ပညာပေး(Talk Show)ကို  ယနေ့ မွန်းလွဲ ၂  နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့သည်။
ဖြူးမြို့နယ်ရှိ ကျောင်းများတွင် မူးယစ်ဆေးဝါးဆိုးကျိုးများနှင့် စားသုံးသူကာကွယ်ပေးရေး ဆိုင်ရာများအကြောင်း အသိပညာပေး
Feb 03,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ရရှိစေရေးအတွက် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီက ဝဲဒေါင့်ကျေးရွာအုပ်စု၊ ဝဲဒေါင့်ကျေးရွာ အ‌ခြေခံပညာ မူလတန်းလွန်ကျောင်းတွင် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ဒဂုံမြို့နယ်၌ အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အပိုဆောင်းထိုးနှံပေး
Feb 03,2023
ရန်ကုန်တိုင်းဒေသကြီး၊ ​ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာ သင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm Booster Dose) အပိုဆောင်းထိုးနှံပေးခြင်းနှင့် (First Dose) ထိုးနှံပေးခြင်းတို့ကို ယနေ့ နံနက် ၉ နာရီကစ၍ Private School ကောင်းဇုံကျောင်း၌ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မိုးမောက်မြို့၌ မူးယစ်ဆေးဝါးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Feb 03,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မူးယစ် ဆေးဝါး ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီခန့်က ကျင်းပခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် လိုက်လံဖွင့်လှစ်
Feb 03,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် ယ‌နေ့ နံနက်ပိုင်းက ပေါင်မြို့နယ်ရှိ အ.ထ.က ပေါင် အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။