သတင်းများ

ညောင်တုန်းမြို့နယ်၊ တူးချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၌ လူငယ်စကားဝိုင်းကျင်းပ
Feb 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၁၀နာရီအချိန်က တူးချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့သည်။
မော်လိုက်မြို့၌ ဆင်းရဲနွမ်းပါးမလျော့ချရေးအစီအစဉ်ဖြင့် ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ ကျင်းပ
Feb 03,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ဆင်းရဲနွမ်းပါးမှုလျော့ချရေးအစီအစဉ်ဖြင့် ဖွင့်လှစ် ပို့ချခဲ့သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၉နာရီ ၃၀မိနစ်အချိန်က ခရိုင်အသေးစားစက်မှုလက်မှုဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မိုးညှင်းမြို့၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေး​ ဟောပြောပွဲကျင်းပ
Feb 03,2023
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီခွဲက အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်း မြတ်သရဖူခန်းမ၌ ကျင်းပသည်။
မော်လိုက်မြို့၌ လူငယ်စကားဝိုင်းကျင်းပ
Feb 03,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၄)၊ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အမျိုးသမီး အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Talk Show ပြုလုပ်
Feb 03,2023
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရဲ့အန္တရာယ်ကို မီးမောင်းထိုးပြဖို့နဲ့ ဒီလိုအကြမ်းဖက်မှုတွေ ပပျောက်ရေး၊အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရဲ့ အန္တရာယ်ကို မီးမောင်းထိုးပြနိုင်ဖို့နဲ့ ဒီလိုအကြမ်းဖက်မှုတွေ ပပျောက်ရေးဆောင်ရွက်မှုများအား ပြည်သူများသိရှိနိုင်ရန် ရည်ရွယ်ချက် အသိပညာပေး Talk Show အားစုကလိမြို့လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ထားဝယ်မြို့တွင် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိ
Feb 03,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက  ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့်အလေ့အ ကျင့်ကောင်းများဖြစ်ပေါ်လာစေရန်၊ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတရရှိစေရန်နှင့် ခရိုင်ပြည်သူ့စာကြည့်တိုက်သို့လာရောက် မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ်စာစောင်များတင်ဆောင်၍ လှည့်လည်ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိကျောင်းသား/သူများအား သုတ/ရသ စာအုပ် စာစောင်များငှားရမ်း ပေးခဲ့ကြောင်းသိရသည်။
မြောင်းမြမြို့နယ်၌ အမှိုက်များစနစ်တကျ စွန့်ပစ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Feb 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့သန့်ရှင်းသာယာလှပရေးနှင့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု မရှိစေရေးအတွက် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က အခြေခံပညာ မူလတန်း (မရမ်းကုန်းရွာမ)ကျောင်းနှင့် မျိုးဆက်သစ် ကိုယ်ပိုင်အထက်တန်း ကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ
Feb 03,2023
ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မူလတန်း အဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲအား ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန Community Center တွင် ကျင်းပပြုလုပ်ခဲ့သည်။