သတင်းများ

ရသေ့တောင်မြို့ရှိနေအိမ်များ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်းမီးသတိမူရေး ကွင်းဆင်းစစ်ဆေးအကြံပေး
Feb 04,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့နံနက် ၁၁ နာရီ အချိန် ကရသေ့တောင်မြို့ တောင်ရင်းတန်းရပ်ကွက်ရှိ နေအိမ်များမီးဘေးလုံခြုံ‌ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီးအောင်မြတ်လင်းနှင့် တပ်ဖွဲ့ဝင်များက တစ်အိမ် တက်ဆင်း အကြံပြုစစ်ဆေးခြင်းနှင့်အသိပညာပေးခြင်းများဆောင်ရွက်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Feb 04,2023
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တိုင်းဒေသကြီးဝန်ကြီးများသည် ဖေဖော်ဝါရီ (၁)ရက်၊ မွန်းလွဲပိုင်းက လှည်းကူးမြို့နယ် ဒါးပိန်-သပြုတံတားချဉ်းကပ်လမ်းနှင့် ရန်ကုန်-မန္တလေး ရထားလမ်းဆုံရာနေရာတွင် Level Crossing ပြုလုပ်ရန်လည်းကောင်း၊ လှည်းကူး- ကြို့ကုန်းလမ်း (၁ မိုင် ၆ ဖာလုံ) အတွင်း (၂၄)ပေအကျယ်၊ ကတ္တရာကွန်ကရိလမ်း တိုးချဲ့ခင်းခြင်း၊ အမာခံလမ်းပခုံးနှင့်(၄၀)ပေအကျယ်မြေသားတာ ပေါင်တည်ဆောက်ခြင်းလုပ်ငန်းခွင်ကိုလည်းကောင်း၊ တိုက်ကြီးမြို့နယ် တိုက်ကြီး-ဖောင်ကြီး-ပဲခူးလမ်း(၁မိုင်၆ဖာလုံ)အရှည်၊ ၁၂ ပေ အကျယ် ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ လမ်းအကွေ့များအား လမ်းချဲ့ခြင်း လုပ်ငန်းခွင်ဆောင်ရွက်နေမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးလမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထင်ကျော်က လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က ရေရှည်အသုံးပြုနိုင်ရေးလုပ်ငန်းများအား စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်နှင့် လိုအပ်သည်များ မှာကြားသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Feb 04,2023
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂ ရက်နေ့နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်းကျင်းပ
Feb 04,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ကျောင်းသား၊ကျောင်းသူ လူငယ်များဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အတွက် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မဟာသရဖူကိုယ်ပိုင် အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် (၉) နာရီက အဆိုပါကျောင်း မဟာပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပေါက်တောမြို့သို့ အထူးကုဆရာဝန်ကြီးများအဖွဲ့လာရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ဆေးကုသဆောင်ရွက်
Feb 04,2023
ရခိုင်ပြည်နယ်အစိုးအဖွဲ့၏ဦးဆောင်မှုဖြင့် ပေါက်တောမြို့သို့ စစ်တွေမြို့ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများအဖွဲ့ လာရောက်၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ အခမဲ့ဆေးကုသဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗုဒ္ဓသာသနာ့ဓမ္မဗိမာန်တော်နှင့် မြို့နယ်ပြည်သူ့ဆေးရုံတို့တွင် ဆေးကုသရာ နေရာချထားပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
မြောက်ဦးမြို့၌ အခြေခံပညာမူလတန်းအဆင့် ဆရာ၊ ဆရာမများအား လုပ်ငန်းခွင်အကြိုရက်တို သင်တန်းပို့ချ
Feb 04,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းအဆင့် ဆရာ၊ ဆရာမများအား လုပ်ငန်းခွင်အကြိုရက်တိုသင်တန်းကို အောင်တပ် ရပ်ကွက် မြို့နယ်ပညာရေးမှူးရုံး ခန်းမ၌ ယနေ့ နံနက် ၈ နာရီအချိန်က သင်တန်း ပို့ချ သင် ကြားလျှက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ဒေသခံတောင်သူများ ဆောင်းသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေး အချိန်မီ ချေးငွေများ ထုတ်ချေးပေးထား
Feb 04,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုး ရာသီတွင် ဒေသခံတောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီထုတ်ချေးပေးထားကြောင်း ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်ဘဏ်မန်နေဂျာ ဦးစန်းသော် ထံမှ သိရသည်။
မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးနှင့် မီးဘေးလုံခြုံရေးအတွက် မီးစနစ်တကျ သုံးစွဲခြင်း ရှိ/မရှိ လိုက်လံစစ်ဆေးဆောင်ရွက်
Feb 04,2023
ရန်ကုန်တိုင်ဒေသကြီး၊ တွံ​တေးခရိုင်၊ တွံတေးမြို့နယ်အတွင်း၊ မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးနှင့် မီးဘးလုံခြုံရေးအတွက် မီးစနစ်တကျ သုံးစွဲခြင်းရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များတွင် ယမန်နေ့နံနက် (၉)နာရီမှစ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။