ကျွန်းလှ ဖေဖော်ဝါရီ ၃
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ) ၌ ကျင်းပသည်။
ရှေးဦးစွာ ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဖိုးချိုက လူငယ်စကားဝိုင်း ကျင်းပရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။
လူငယ်စကားဝိုင်းတွင် Grade-10 ကျောင်းသူ မယွန်းဝတီဖြိုးက လူငယ်နှင့် အနာဂတ်ရည်မှန်းချက်၊ Grade-11 ကျောင်းသူ မခိုင်သက်ဝေက လူငယ်နှင့်ဘဝနေထိုင်မှု၊ Grade-10 ကျောင်းသား မောင်အောင်ဇင်ပိုင်က လူငယ်နှင့် အားကစား၊ Grade-11 ကျောင်းသူ မနဒီထွန်းက လူငယ်နှင့် မျိုးချစ်စိတ်ဓာတ်၊ Grade-11 ကျောင်းသူ မကေသီဦးက လူငယ်နှင့် မူးယစ်ဆေးဝါး ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများနှင့် တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်းဆွေးနွေး ကြသည်။
အဆိုပါ လူငယ်စကားဝိုင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၀၀)ဦး တက်ရောက်၍ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်များ ကြည့်ရှုလေ့လာကြည့်ရှုကြပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ