မိုင်းဆတ်မြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

မိုင်းဆတ် ဖေဖော်ဝါရီ ၃       

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့မွန်းတည့်(၁၂)နာရီက လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျောင်းသား၊ ကျောင်းသူများ ပန်းချီအမြင်၊ ပန်းချီစွမ်းရည်၊ ရောင်စုံကာလာအသုံးပြုနိုင်မည့် စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်အတွက် ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ရာ အဆိုပါ ပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၈)ဦးခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုသည့်အနေဖြင့် ဗလာစာအုပ်၊ ခဲတံတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)