သတင်းများ

ရေတာရှည်တပ်နယ်မှအရာရှိ၊ စစ်သည်များနှင့် မြို့နယ်အတွင်းရှိဌာနဆိုင်ရာများစုပေါင်း၍ ဆန်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများလှူဒါန်းခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
Feb 05,2023
ပဲခူးတိုင်း​ဒေသကြီး၊ တောင်ငူခရိုင်၊​ ရေတာရှည်မြို့နယ်၌ ရေတာရှည်တပ်နယ်မှ အရာရှိစစ်သည်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများစု​ပေါင်း၍ မေတ္တာဥယျာဉ်ပရဟိတကျောင်း၌ ဆန်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနားကို ​ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ဘူးသီးတောင်မြို့နယ်၌ ထိုင်ဝမ်ဖူးစားပြောင်းစိုက်ပျိုးသူများ ဈေးကောင်းရရှိ၍ အဆင်ပြေ
Feb 05,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် ထိုင်ဝမ်ဖူးစားပြောင်းကို ချောင်းရေတင်ပြီး စိုက်ပျိုးလျက်ရှိရာ ယခုနှစ် ဈေးပိုရောင်းရ၍ အဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်၌ တတိယအကြိမ်မြောက် မဟာမြတ်မုနိ နှီးဘုရားပုံတူ ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကျင်းပ
Feb 05,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်၌ ယနေ့နံနက်(၉)နာရီ အချိန်က တတိယအကြိမ်မြောက် မဟာမြတ်မုနိနှီးဘုရားပုံတူတော်အား ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကျင်းပရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်း/မြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ပြည်နယ်/ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
ပင်လုံမြို့၌ (၁၇) ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်လောင်းလှူပွဲကျင်းပ
Feb 05,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် တည်ထားကိုးကွယ်အပ်သော မဟာရဌာဘိသာမဂ္ဂီစေတီတော်မြတ်ကြီး၏ (၁၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ နံနက် (၉) နာရီ အချိန်က စတင်ကျင်းပခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးစီးကျင်းပသော မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ
Feb 05,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးစီးကျင်းပသော မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ လ ၃ ရက် မွန်းလွဲ ၃ နာရီက ရွှေမော်ဓေါစေတီတော်မြတ်ကြီး၏ ယာဥ်ရပ်နားဝန်းစခန်း၌ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ကြည့်ရှု အားပေးခဲ့သည်။
ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းမိသားစုများကလပြည့်နေ့တိုင်း အရုဏ်ဆွမ်းလောင်းလှူ
Feb 05,2023
မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဝန်ထမ်းမိသားစုများ လပြည်နေ့တိုင်းအစဉ်အလာမပျက်အရုဏ်ဆွမ်းလောင်းလှူခြင်းကို ယမန်နေ့နံနက် ၇ နာရီအချိန်ကလောင်းလှူခဲ့ ကြောင်းသိရသည်။
အင်းစိန်မြို့နယ်၊ လောကချမ်းသာ အဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား)၌ (၂၂)ကြိမ်မြောက် ဗုဒ္ဓါဘိသေကအနေကဇာ၊ ဗုဒ္ဓပူဇနိယပွဲတော် အခမ်းအနားနှင့် ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Feb 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ ရပ်ကွက်၊ မင်းဓမ္မလမ်းရှိ လောကချမ်းသာ အဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား)၌ (၂၂)ကြိမ်မြောက် ဗုဒ္ဓါဘိသေကအနေကဇာ၊ ဗုဒ္ဓပူဇနိယပွဲတော် အခမ်းအနားနှင့် ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် (၇)နာရီခွဲအချိန်က ကျင်းပသည်။
ဖား​ဆောင်းမြို့ မြို့နာမ်ရတနာစျာန်​အောင်​စေတီ​တော်တွင် ဗုဒ္ဓပူဇနိယ ဆွမ်းဆန်စိမ်း​လောင်း လှူပွဲနှင့်စု​ပေါင်းထမနဲထိုးပြိုင်ပွဲတွင်ဆုရရှိ​သော အသင်းများအားဆုချီးမြှင့်ပွဲကျင်းပ
Feb 05,2023
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် မြို့သူမြို့သားများမှ သံသရာဝဋ်ဆင်းရဲမှ ကင်းလွတ်ရာ၊​ အေးငြိမ်းရာမှန်မြတ်နိဗ္ဗာန်ကို ရည်သန်​တောင့်တလျှက် နှစ်စဥ်ကျင်းပမြဲဖြစ်​သော မြို့နာမ်ရတနာစျာန်​အောင်​စေတီ​တော်တွင် ဗုဒ္ဓပူဇနိယ ဆွမ်းဆန်စိမ်း​လောင်းလှူပွဲနှင့် စု​ပေါင်းထမနဲထိုးပြိုင်ပွဲတွင် ဆုရရှိ​သော အသင်းများအား ဆုချီးမြှင့်ခြင်းကို ယ​မန်နေ့ နံနက်၇ နာရီ ချိန်က အဆိုပါ​စေတီ​တော်ရင်ပြင်တွင်ကျင်းပပြုလုပ်ခဲ့သည်။