သတင်းများ

ဒိုက်ဦးမြို့၌အသက်(၈၅)နှစ်နှင့်အထက် အဘိုး/အဘွားများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ
Feb 05,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က လူမှုဝန်ထမ်းဦးစီးဌာန ဘက်ဂျက် ရန်ပုံငွေဖြင့် ထောက်ပံ့သည့် ၂၀၂၂ -၂၀၂၃ ဏ္ဍာရေးနှစ်၊ တတိယသုံးလပတ်အသက်(၈၅) နှစ်နှင့်အထက် အဘိုး/အဘွား(၂၈၉)ဦးအတွက် တစ်ဦးလျှင် (၃၀၀၀ဝိ/-)နှုန်းဖြင့် (၂၄၈၇၀၀၀ဝိ/-)ကျပ်ထောက်ပံ့ရရှိခဲ့ရာ ယင်းထောက်ပံ့ငွေပေးအပ်ပွဲအား အခမ်းအနားဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ စိုက်ဘဏ်မှ စိုက်ပျိုးရေးချေးငွေပြေလည်ပြီး ဆပ်ရန်ကျန်ရှိတောင်သူများနှင့် တွေ့ဆုံဆွေးနွေး
Feb 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ စိုက်ဘဏ်မှ စိုက်ပျိုးစရိတ်ချေးငွေ ပြေလည်ပြီးဆပ်ရန်ကျန်ရှိ တောင်သူများနှင့်တွေ့ဆုံဆွေးနွေးခြင်းကို
မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲပုသိမ်မြို့တွင်ကျင်းပ
Feb 05,2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မြန်မာ့ရိုးရာအစဉ်လာမပျက်စေရေးကို ရည်ရွယ်ကာ ဆယ့်နှစ်လရာသီပွဲတော်များတွင် တစ်ခုပါဝင်ပြီး မြန်မာတို့၏ရိုးရာပွဲ‌တော်တစ်ခုဖြစ်သည့်  တပို့တွဲလတွင်သာ ကျင်းပလေ့ရှိသော  ထမနဲထိုးပြိုင်ပွဲကို ယနေ့ညနေပိုင်းက ပုသိမ် မြို့၊ ပြည်ထောင်စုကွင်း(ကန်သာယာ)‌၌ကျင်းပခဲ့ရာ
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအစိုးရအဖွဲ့ မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပွဲ ကြည့်ရှုအားပေး
Feb 05,2023
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ မြန်မာရိုးရာ စုပေါင်းထမနဲထိုးပွဲကို ဖေဖော်ဝါရီလ ၃ ရက်နေ့ ညနေပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်း ခန်းမအနီးတွင်ကျင်းပရာ
ရသေ့တောင်မြို့နယ်တွင် အသက် ၂ နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်
Feb 05,2023
ရခိုင်ပြည်နယ်၊ ရ‌သေ့တောင်မြို့နယ်အတွင်းရှိ ကလေးသူငယ်များအား ရောဂါဘယကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ရသေ့တောင်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို (၂၆)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာ ပန်းချီပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေး
Feb 05,2023
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၂၆)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာ ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ခေါနူးသုမ် ကတ္တရာလမ်းသစ်ဖွင့်ပွဲ မင်းတပ်မြို့၌ကျင်းပ
Feb 05,2023
မင်းတပ်မြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ခေါနူးသုမ်ကတ္တရာလမ်းသစ်ဖွင့်ပွဲ  အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်၌ အဆိုပါလမ်းပေါ်တွင် ကျင်းပသည်။
မင်းဘူးမြို့ နမ္မဒါဘိုးဘွားရိပ်သာ၌ ဘုရားအနေကဇာတင်လှူပူဇော်ခြင်းနှင့် အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ
Feb 05,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ မင်ဘူးမြို့ နမ္မဒါဘိုးဘွားရိပ်သာ၌ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ဘုရားအနေကဇာတင်လှူပူဇော်ခြင်းနှင့် အန္တရာယ်ကင်း ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ကျင်းပဆောင်ရွက်ခဲ့သည်။