သတင်းများ

အမာမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံအားပေး
Feb 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ စိတ်ဓာတ်မြှင့်တင်ရေး တွေ့ဆုံအားပေး‌ခြင်းနှင့် အာဟာရများကျွေးမွေးခြင်းလုပ်ငန်းများကို ယနေ့ နေ့လယ် (၁၂)နာရီခွဲအချိန်က  အခြေခံပညာ အထက်တန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ယင်းမာပင်မြို့၌ အပီတာ တာရာသရီးအစီအစဉ်ဖြင့် အရန်ဆန်ရိက္ခာနှင့်ဆပ်စပ် ပစ္စည်းများ​ပေးအပ်လှူဒါန်း
Feb 05,2023
စစ်ကိုင်းတိုင်း​ဒေသကြီး၊ ယင်းမာပင်ခရိုင် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ အစည်းအ​ဝေးခန်းမ၌ ယမန်​နေ့နံနက် ၁၀ နာရီအချိန်က APTERR Tier 3 (အပီတာ တာရာ သရီး) အစီအစဥ်ဖြင့် အရန်ဆန်နှင့်ဆက်စပ်ပစ္စည်းများ လှူဒါန်းပွဲအခမ်းအနားကျင်းပရာ ခရိုင် စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးဆန်း​မော်နှင့်အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုး​ရေးဦးစီးမှူး၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပြည်သူများ တက်​ရောက်ကြကြောင်း သိရသည်။
ကသာမြို့ အောင်မြေသာယာ ဆုတောင်းပြည့်စေတီတော်မြတ်ကြီးအား (၁၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ
Feb 05,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ အေင်မြေသာယာ ဆုတောင်းပြည့်စေတီတော် မြတ်ကြီးအား (၁၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့်သစ်သီးကိုးထောင်၊ ပန်းကိုးထောင်၊ ဆီမီးကိုးထောင်၊ ဆွမ်းတော်ကြီးလောင်းလှူပူဇော်ပွဲတော်ကို ရပ်ကွက်(၈)၊ ပိန္နဲကုန်း မဟာ အောင်မြေသာစည်ကျောင်းတိုက်အတွင်း၌ ယမန်နေ့နံနက် (၉)နာရီခွဲအချိန်က စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
(၇၆)နှစ်မြောက် ပြည်‌ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဗန်းမော်မြို့ ကန်သာယာပန်းဥယျာဉ် ဖွင့်လှစ်ပေး၊ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မား‌ရေးနှင့် ဗန်းမော်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခဲ့သူများအတွက် ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ပေးအပ်
Feb 05,2023
ဗန်းမော်ခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် အသေးစား၊ အငယ်စားနှင့်အလတ်စားစက်မှုလက်မှုလုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုများ တိုးတက်မြှင့် မားလာစေရေး၊ ဗန်းမော်ခရိုင် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် ယမန်နေ့နံနက် ၈ နာရီက ဗန်းမော်မြို့၏ အဓိကနေရာတစ်ခုဖြစ်သည့် မေတ္တာမွန် ရေကန် (ဂေါ်ရာကန်)အား အများပြည်သူ အပန်းဖြေ ကိုယ်ကာယလေ့ကျင့်ခန်းပြုလုပ်နိုင်ရေး မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့သည့် ကန်သာယာပန်းဥယျာဉ်ကို (၇၆)နှစ် မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်ပေးခဲ့သည်။
မိုင်းခတ်မြို့နယ်၌၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အ‌ရေးလုပ်ငန်းလိုင်စင်နှင့်သားသတ်လုပ်ငန်းလိုင်စင်များဈေးပြိုင်စနစ်ဖြင့်လေလံ ရောင်းချပွဲပြုလုပ်
Feb 05,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ ၂၀၂၃-၂၀၂၄ခုနှစ်အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်နှင့် သားသတ်လုပ်ငန်းလိုင်စင်များဈေးပြိုင်စနစ်ဖြင့်လေလံရောင်းချခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးဌာနရုံးတွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ လောကာနန္ဒာစေတီတော်မြတ်အား ဖူးမြှော်ကြည်ညို၊ ပြည်နယ်သြဝါဒါစရိယ ဆရာ တော်ကြီးထံမှ ဩဝါခံယူ
Feb 05,2023
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများသည် စစ်တွေမြို့ပေါ်ရှိ လောကာနန္ဒာစေတီတော်မြတ်ကြီးအား ယမန်နေ့ နံနက်ပိုင်းက သွားရောက်ဖူး​‌မြော်ကြည်ညိုပြီး ပြည်နယ်သြဝါဒါစရိယ ဆရာတော်ကြီးများထံမှ ဩဝါခံယူကြသည်။ 
အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(ကျောက်ပန်းတောင်း)တွင် ပဉ္စမအကြိမ်မြောက် A.G.T.I  ဒီပလိုမာ အပ်နှင်းပွဲကျင်းပ
Feb 05,2023
မန္တလေးတိုင်ဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၏ ပဉ္စမအကြိမ်မြောက် A.G.D.I ဒီပလိုမာအပ်နှင်းပွဲအခမ်းအနားကို၊  ယမန် နေ့မွန်းလွဲ(၁)နာရီက အဆိုပါကျောင်းရှိ စုဝေးခန်းမတွင်ပြုလုပ်ခဲ့ ကြောင်းသိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး မြဝတီမြို့နယ် ဒေသဖွံ့ဖြိုးရေး ကြည့်ရှုစစ်ဆေး
Feb 05,2023
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ဖေဖော်ဝါရီလ ၃ ရက်နေ့ မွန်းလွဲပိုင်းက မြဝတီမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။