ရေတာရှည်တပ်နယ်မှအရာရှိ၊ စစ်သည်များနှင့် မြို့နယ်အတွင်းရှိဌာနဆိုင်ရာများစုပေါင်း၍ ဆန်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများလှူဒါန်းခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ရေတာရှည် ဖေ​ဖော်ဝါရီ

ပဲခူးတိုင်း​ဒေသကြီး၊ တောင်ငူခရိုင်၊​ ရေတာရှည်မြို့နယ်၌ ရေတာရှည်တပ်နယ်မှ အရာရှိစစ်သည်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများစု​ပေါင်း၍ မေတ္တာဥယျာဉ်ပရဟိတကျောင်း၌ ဆန်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနားကို ​ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားအား နမောတဿ (၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး  ပဓါနနာယကဆရာတော် ဘဒ္ဓန္တဝိမလထံမှ ငါးပါးသီလခံယူ​ဆောက်တည်ခဲ့ကြသည်။ ထို​နောက် ရေတာရှည်တပ်နယ်မှ ဒုတိယတပ်နယ်မှူးဒုတိယဗိုလ်မှူးကြီး ညီညီလွင် ၊ အမှတ်(၆၀၄) ဒုံးတပ်ရင်းမှတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးယု​အောင် ၊ အမှတ်(၃၃၀) အ​မြှောက်တပ်ရင်းမှတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မျိုးလှိုင်ဦး နှင့်  ရေတာရှည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းတို့မှ  ဆန်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအားဆပ်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုအတွက် မေတ္တာဥယျာဉ်ပရဟိတကျောင်း ပဓါနနာယကဆရာတော်မှ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ် ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ တပ်မတော်နယ်လှည့်ဆေးကုသ​ရေးအဖွဲ့နှင့်  မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့မှ ရဟန်းသံဃာများနှင့်မိဘမဲ့ကလေးများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုဆောင်ရွက်ပေးရာ ဒုတိယတပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးညီညီလွင် နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဥက္ကာသန်းတို့က ကြည့်ရှုအား​ပေးခဲ့​ကြောင်း သိရသည်။

မေတ္တာဥယျာဉ် ပရဟိတကျောင်း၌ စုစုပေါင်းတန်ဖိုး ကျပ်၁၀၁၉၅၀၀ ရှိ ဆန်၁၆အိတ်၊ကြက်ဥ ၄၅၀ လုံး၊ ဆီ၁ပုံးနှင့်မုန့်များအား ဆပ်ကပ်လှူဒါန်းခဲ့ပြီး  ဒုတိယတပ်နယ်မှူးနှင့် အရာရှိစစ်သည်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် ဌာနဆိုင်ရာတာ ဝန်ရှိသူများတက်ရောက်ခဲ့ကြောင်းသိရသည်။

ရေတာရှည် (ပြန်/ဆက်)