မုံရွာမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကျင်းပ
Feb 14,2023
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကလေးအလုပ်သမားများ လျော့နည်းပပျောက်စေရေး၊ သက်ဆိုင်ရာ လုပ်ငန်းကော်မတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ဆက်စပ်သော ဌာနအဖွဲ့အစည်းများ ပူပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ရည်ရွယ်လျက် စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်မှ ညနေ ၄ နာရီ ၃၀ အချိန်အထိ စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။