သတင်းများ

မင်္ဂလာဒုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်    အကြိုဟောပြောပွဲနှင့်ကာယ၊ ဉာဏစွမ်းရည် ပြိုင်ပွဲများကျင်းပ
Feb 06,2023
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဖိတ်ခေါ်၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် ကာယဉာဏစွမ်းရည် ပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
ငွေဆောင်မြို့တွင် (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့အကြို သဲသောင်ပြင်ဘောလုံးပွဲနှင့် ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
Feb 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ယမန်နေ့နံနက် ၇နာရီအချိန်က (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအနေဖြင့် ငွေဆောင်ရုံးခွဲနယ်မြေ၊ ငွေဆောင်ရုံးခွဲ နယ်မြေကမ်းခြေ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် သဲသောင်ပြင် အားကစားလှုပ်ရှားမှု၊ ဖူဆယ်ဘောလုံးနှင့် ဘော်လီဘောပြိုင်ပွဲ အခမ်းအနားဖွင့်ပွဲအား Hotel ACE ရှေ့သဲသောင်ပြင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့တွင် သီးနှံမျိုးစုံ(၂၈၉)ဧက စိုက်ပျိုးရေပြည့်ဝစွာပေးဝေနိုင်ရေး သင်းတွဲမြောင်းတွင် ရေပြွန်(၅)လုံး ပြန်လည်ပြုပြင်ပေး
Feb 06,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင်  သီးနှံမျိုးစုံ(၂၈၉)ဧက စိုက်ပျိုးရေပြည့်ဝစွာပေးဝေနိုင်ရေး သင်းတွဲမြောင်းတွင် ရေပြွန် (၅)လုံအား မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်တွင် ပြန်လည်ပြုပြင်ပေးခဲ့ကြောင်း သိရသည်။
မိတ္ထီလာခရိုင်၌ ရေသောက်စနစ်ဖြင့် နွေစပါးနှင့် အခြားသီးနှံ စိုက်ဧက ၂၃၀၀၀ ကျော် စိုက်ပျိုးသွားမည်
Feb 06,2023
မိတ္ထီလာခရိုင်၌ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ရေသောက်စနစ်ဖြင့် နွေစပါးနှင့် အခြားသီးနှံ စိုက်ဧက ၂၃၀၀၀ ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ 
ပူတာအိုမြို့နယ် ဇီဒမ်း(၂)ကျေးရွာ၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်
Feb 06,2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ပူတာအိုခရိုင် အတွင်း နေရပ်စွန့်ခွာ IDP စခန်းများမှ ပြည်သူများအား ပြန်လည်နေရာချထားပေးသည့်     ပူတာအိုမြို့နယ် ဇီဒမ်း(၂) ကျေးရွာ ဘုရားကျောင်း၌ ကျင်းပသည်။
ရမ်းဗြဲမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်နှင့်အားကစားအသိပညာပေး (Talk Show) ကျင်းပ
Feb 06,2023
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန တို့ပူးပေါင်း၍ လူငယ်နှင့်အားကစားအသိပညာပေး (Talk Show) ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ဆောင်ရွက်ကြသည်။
ပျော်ဘွယ်မြို့နယ်တွင်(၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Feb 06,2023
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြသခြင်းကို ယနေ့မွန်းလွဲ(၁)နာရီက အခြေခံပညာအထက် တန်းကျောင်းခွဲ(ရွှေပြည်ရန်နိုင်)တွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း တက်ရောက်
Feb 06,2023
မွန်ပြည်နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ည​နေပိုင်းက ​မော်လမြိုင်မြို့၊ ငန်း​တေးဂေါက်ကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦး​အောင်ကြည်သိန်း၊ အ​ရှေ့​တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ဂေါက်သီးရိုက် အားကစားသမားများ၊ ဖိတ်ကြားထားသည့် ဂေါက်သီးရိုက် အားကစားဝါသနာရှင်များ တက်​ရောက်ခဲ့သည်။