မော်လမြိုင်ကျွန်း ဖေဖော်ဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေး အသိပညာ ပေး Talk Show အစီအစဉ်ကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်သည်။
အဆိုပါ Talk Show အစီအစဉ်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမင်းဇော်လတ်က စားသုံးသူ အခွင့်အရေးများ အပြည့်အဝရရှိစေရန်နှင့် တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်အလက်များ သိရှိစေရန်၊ စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရှိစေရေးအတွက် အာမခံချက်ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည်ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်းပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင် များ အနေဖြင့် ဥပဒေအချက်အလက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် ပူးပေါင်း၍ Talk Show ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ စားသုံးသူအခွင့်အရေး (၈) ချက်နှင့် စပ်လျဉ်း၍ ရှင်းလင်းခြင်းနှင့် စားသုံးသူနစ်နာမှုများရှိပါက DOCA Myanmar application မှလည်းကောင်း၊ Call Centre 1535 သို့လည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်ပြီး မြို့နယ် စားသုံးသူရေးရာဦးစီးဌာနရုံးနှင့် စားသုံးသူရေးရာဦးစီးဌာန www.doca.gov.mm Website တွင်လည်းကောင်း ဝင်ရောက် လေ့လာနိုင်ပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
အောင်အောင်(ပြန်/ဆက်)