သတင်းများ

ပေါင်းတည်မြို့နယ်တွင် ဆေးရုံအခြေပြု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster dose ထိုးနှံပေး
Jul 26,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ဆေးရုံအခြေပြု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ဆေးရုံ၌ ယနေ့ နံနက်က ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသော ပြည်သူများအား ကာကွယ်ဆေးဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီစိုက်ပျိုးစရိတ်ငွေများ ထုတ်ချေးပေး
Jul 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ မိုးရာသီကာလ စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်းက ဆက်လက်ထုတ်ချေး ပေးလျက်ရှိကြောင်း သိရသည်။
ဘိုကလေးမြို့နယ်တွင် အသက်(၂၀)နှစ်အောက် မိုးရာသီအမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
Jul 26,2022
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ခရိုင်၊ မြို့၊ ရွာမှစ၍ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်းလာစေရေးတို့ကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အောက်ပိုင်းဘောလုံးကွင်းတွင် ဇွန်(၂၁)ရက်နေ့မှစတင်၍ ၂၀၂၂ ခုနှစ်၊ မိုးရာသီကွင်းဖွင့်ဖလား အသက်(၂၀)နှစ်နှင့်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲအား စတင်ကျင်းပခဲ့ပြီး ဇူလိုင်(၂၅)ရက်နေ့ မွန်းလွဲ (၃)နာရီတွင် ဘုရားချောင်းကျေးရွာအုပ်စုအသင်းနှင့် သာပေါင်းကျေးရွာအုပ်စုအသင်းတို့ ဗိုလ်လုပွဲစဉ်အား ယှဉ်ပြိုင်ခဲ့ရာ ဘုရားချောင်းကျေးရွာအုပ်စုအသင်း ဗိုလ်စွဲအနိုင်ရရှိခဲ့သည်။
ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်​မြင့်မားရေး အသိပညာပေးဆွေးနွေး
Jul 26,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတတ်မြင့်မားရေး ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ စိုက်ပျိုးရေး မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့​နံက်ပိုင်းက စွယ်​တော်ကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံတို့၌ ပြုလုပ်ခဲ့သည်။
မိုးညှင်းဗဟိုအကျဉ်းထောင်၌ အကျဉ်းသား အကျဉ်းသူများနှင့် အချုပ်သားအချုပ်သူများ စုစုပေါင်း (၁၁၅၁)ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Jul 26,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းဗဟိုအကျဉ်းထောင်မှ အကျဉ်းသား အကျဉ်းသူများနှင့် အချုပ်သား အချုပ်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသူများနှင့် ထပ်ဆောင်းကာကွယ်ဆေး (Booster Doses) မထိုးနှံရသေးသူများ စုစုပေါင်း (၁၁၅၁)ဦးကို ယမန်နေ့ နံနက် (၇)နာရီခွဲမှစတင်၍ အုပ်ချုပ်မှုရုံးခန်းမ၌ ထိုးနှံပေးခဲ့သည်။
တောင်ငူ၌ အိမ်ထောင်စုဝင်များအား စားသုံးဆီများ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး
Jul 26,2022
ပဲခူးတိုင်းဒေသကြီး၊ ဆီလုပ်ငန်းရှင်များ အသင်းစီမံချက်ဖြင့် အိမ်ထောင်စုဝင်များအား စားသုံးဆီများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးကို ယနေ့ နံနက်ပိုင်းက စျေးလမ်းရှိ စားသုံးဆီအရောင်းဆိုင်ပွဲရုံများက အမြတ်ငွေ ၂ ရာခိုင်နှုန်းထက် မပိုသောနှုန်းထားဖြင့် ရောင်းချပေးသည်။
ကချင်ပြည်နယ်အတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းနှင့် ရပ်ကွက်/ကျေးရွာ တည်နေရာ(Point)များ ကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်
Jul 26,2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကချင်ပြည်နယ်အနေဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းနှင့် ရပ်ကွက်/ကျေးရွာတည်နေရာ (Point)များ ကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲကို ဇူလိုင် ၂၅ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်သည်။
ဒေးဒရဲမြို့နယ်၌ အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ   ဆက်လက်ထိုးနှံပေး
Jul 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ယူလျက်ရှိသည့် အခြေခံပညာကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိစေရန်၊ အတူနေ မိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါ ကူးစက် ပြန့်ပွားမှုကို တားဆီးနိုင်ရန် ရည်ရွယ်၍  အသက် (၅)နှစ်မှ (၁၅)နှစ်ထိ  အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများကို  ယမန်နေ့ နံနက်ပိုင်းက  မြို့ပေါ် သာသနာ့ဗိမာန်တော်ကြီးနှင့်ကျေးရွာများရှိ အခြေခံပညာ ကျောင်းများတွင်  ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။