စလင်း ဖေဖေါ်ဝါရီ ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာန၏ တည်ထောင်ခွင့်ပြုမိန့်ရ မိခင်နှင့်ကလေး ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းတွင် ကလေးငယ်များ ဉာဏ်ရည်ထက်မြက်ပြီး ကိုယ်ခန္ဓာဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် ကျောင်းတွင်း ကာယ၊ ဉာဏ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့နံနက် ၉ နာရီ ၃၀မိနစ် အအချိန်က ဈေးမရပ်ကွက်အတွင်းရှိ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန္ဒာဝင်းနှင့် အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်မာအောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒေါ်ချောစုသက်၊ ဝါကြိတ်ဦးစီးဌာနမှ ဒေါ်မေစီနိုင်၊ မူကြိုကျောင်းသား၊ ကျောင်းသူကလေးငယ်များနှင့် မိဘများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် စလင်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန္ဒာဝင်းက ပြိုင်ပွဲများ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ရာ ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းရှိ ကလေးငယ်များအား အသက်အရွယ်အလိုက် ဘက်စုံဖွံဖြိုးမှုရှိစေရန်၊ ဘဝတစ်သက်စာအတွက် အခြေခံအလေ့အကျင့်ကောင်းများရရှိစေရန် ပြုစုပျိုးထောင်ပေးခြင်းဖြစ်ပြီး ထိုသို့ပြုစုပျိုးထောင်ပေးရာတွင် အောက်ပါနည်းလမ်းများကို အသုံးပြု၍လေ့ကျင့်ပေးရန်ဖြစ်သည်။ (က) ကစားနည်းဖြင့်သင်ကြားနည်း၊ (ခ) တေးဂီတဖြင့်သင်ကြားနည်း၊ (ဂ) အခြေခံပန်းချီဖြင့်သင်ကြားနည်း၊ (ဃ) လက်မှုပညာဖြင့်သင်ကြားနည်းတို့ဖြင့် ငယ်စဉ်မှစ၍ ပြုစုပျိုးထောင်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။ ဆက်လက်၍ ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်မြတ်ဆွေက ကျောင်းတွင်း ကာယစွမ်းရည်ပြိုင်ပွဲများကို ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူကလေးငယ်များက ဘောလုံးကောက်ပြေးပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ထိုင်ခုံလုပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကို နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ထို့နောက် နေ့လည် ၁ နာရီ ၁၅ မိနစ်အချိန်မှစတင်၍ ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် ကဗျာရွတ်ပြိုင်ပွဲတွင် ကျားအကြီးတွင် “ဖားကလေး”ကဗျာဖြင့်လည်းကောင်း၊ မိန်းက လေးအငယ်တွင် “လမင်းထဲကယုန်ကလေး”ပုံပြင်ဖြင့်လည်းကောင်း၊ ကျားပုံပြောပြိုင်ပွဲတွင် “တာဝန်ကိုယ်စီ”ပုံပြင်ဖြင့်လည်းကောင်း၊ အမျိုးသမီးအငယ်များမှ “ယုန်ကလေးဖြူဖြူ”ပုံပြင်ဖြင့်လည်းကောင်း ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။ ပြိုင်ပွဲများအားလုံးတို့တွင် ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူကလေးငယ် စုစုပေါင်း (၂၈) ဦး ဝင်ရောက် ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဦးခြင်းစီဖြင့် ပြိုင်ပွဲများအလိုက် ယှှဉ်ပြိုင်ကစားခဲ့ကြရာ အဆိုပါပြိုင်ပွဲအသီးသီးတို့တွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိကြသူများအား ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ကလေးများနေ့တွင် မြို့နယ်အမျိုးသမီးရေးရာအသင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်