တံတား ဖေဖော်ဝါရီလ ၁၄
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကို ယနေ့နံနက်(၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါအသိပညာပေး Talk Showကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်မိုးဖြူလွင်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားပြီး မီးသတ်ဦးစီးဌာနမှ (ယာယီတာဝန်ခံ) ဦးဇော်မျိုးထွေးက မီးသတိမူရေး၊ ဌာနဆိုင်ရာရုံးများတွင် အများဆုံးဖြစ်ပွားတတ်သည့် လျှပ်စစ်ဝါယာကြိုးများမှတဆင့် မီးလောင်မှုများ မဖြစ်ပေါ်စေရေး၊ မီးသတ်ဆေးဘူးများထားရှိရေး၊ မီးချိပ်၊ မီးကပ်၊ ရေသဲများအဆင်သင့်ဖြစ်ရေး၊ ပွင့်လင်းရာသီရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရယ်အထူးဂရုပြု လိုက်နာဆောင်ရွက်သွားရေး၊ မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းအရင်းများ၊ မီးလောင်လျှင် မီးသတ်ဆေးဗူး အသုံးပြုပုံများ၊မီးလောင်ခြင်းအမျိုးမျိုးနှင့် မီးဘေးအန္တရာယ် ကာကွယ်ရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ (ပြန်/ ဆက်)