(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း တက်ရောက်

မော်လမြိုင်   ဖေဖော်ဝါရီ   ၆

မွန်ပြည်နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ည​နေပိုင်းက ​မော်လမြိုင်မြို့၊ ငန်း​တေးဂေါက်ကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦး​အောင်ကြည်သိန်း၊ အ​ရှေ့​တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ဂေါက်သီးရိုက် အားကစားသမားများ၊ ဖိတ်ကြားထားသည့် ဂေါက်သီးရိုက် အားကစားဝါသနာရှင်များ တက်​ရောက်ခဲ့သည်။

ထို့​နောက် အမျိုးသားပြိုင်ပွဲတွင် ဆုရရှိကြသူများ၊ အမျိုးသမီးပြိုင်ပွဲတွင် ဆုရရှိကြသူများ၊ တန်းလိုက်ပြိုင်ပွဲတွင် ဆုရရှိကြသူများနှင့် ရိုက်ချက်အလိုက် အကောင်းဆုံးဂေါက်သီးရိုက် အားကစားသမားဆုများကို  ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများမှ ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မွန်ပြည်နယ်တွင် ဂေါက်သီးရိုက်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ငန်း​တေးဂေါက်ကွင်း၌ စတင်ကျင်းပပြုလုပ်ခဲ့ပြီး မွန်ပြည်နယ်မှ ပြိုင်ပွဲဝင်ဂေါက်သီးရိုက် အားကစားသမား(၁၇၁)ဦး ပါဝင်​ယှဉ်ပြိုင်ခဲ့ကြကာ  ပြိုင်ပွဲဝင်အားကစားသမားများက ပြိုင်ပွဲပုံစံ System 36 ဖြင့် ကျင်း(၁၈)ကျင်း ယှဉ်ပြိုင်ကစားခဲ့ကြ​​ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)