သတင်းများ

ချမ်းမြသာစည်မြို့နယ် Community Centre ခန်းမတွင်  (၇၆)နှစ်မြောက်  ပြည်ထောင်စုနေ့အကြို‌ ပြပွဲ/ပြိုင်ပွဲများကျင်းပ
Feb 07,2023
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို  ပြပွဲနှင့်ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မင်းလှမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်‌ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Feb 07,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် အားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
စဉ့်ကူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ပန်းချီပြိုင်ပွဲကျင်းပ
Feb 07,2023
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
သိန္နီမြို့၌ (၇၆) နှစ်မြောက် ရှမ်းပြည်နယ်နေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပ
Feb 07,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအခန်းမတွင် ကျင်းပခဲ့သည်
ဘီးလင်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့်နံရံကပ်စာစောင်များ ခင်းကျင်းပြသ
Feb 07,2023
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အားကစားနှင့်ကာယပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ပညာရေးဌာနတို့နှင့်ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်‌ရေး နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ခင်ကျင်းပြသခြင်းကို နံနက်ပိုင်း၌ ဘီးလင်းမြို့နယ် အနိုင်းပွန်ကျေးရွာမူလတန်းလွန်ကျောင်းနှင့် နေ့လယ်ပိုင်း၌ သစ်တိုကျွန်းကျေးရွာ မူလတန်းကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြ သည်။
ပန်းတောင်းမြို့နယ်၌ ကျောင်းကျန်းမာရေးမှတ်တမ်းကတ်သုံးစွဲခြင်းနှင့် ကျောင်းကျန်းမာရေးလုပ်ငန်းဆောင်ရွက်မှု ဆန်းစစ်ဆွေးနွေးပွဲအခမ်းအနားကျင်းပ
Feb 07,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ကျောင်းကျန်းမာရေးမှတ်တမ်းကတ်သုံးစွဲခြင်းနှင့် ကျောင်းကျန်းမာရေးလုပ်ငန်းဆောင်ရွက်မှု ဆန်းစစ်ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံက်(၁၀:၀၀)နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်ကျောက်ဖြာအောက်နှင့်သင်္ဘောတောကျေးရွာတွင်မြစိမ်းရောင်ရန်ပုံငွေများ ထုတ်ချေးပေးခြင်းဆောင်ရွက်
Feb 07,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှစတင်ပြီး မြစိမ်းရောင်စီမံကိန်းဖြင့်ကျေးရွာများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့်ဝန်ထမ်းများက၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ပထမအကြိမ် မြစိမ်း ရောင်ရန်ပုံ‌ငွေများ ထုတ်ချေးခြင်းကို ကျောက်ဖြာအောက်ကျေးရွာဘုရားကျောင်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရမည်းသင်းခရိုင်လူထုအခြေပြုဗဟိုဌာန၌  (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အကြို   မူလတန်းအဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ
Feb 07,2023
မန္တလေးတိုင်းဒေသကြီး၊ရမည်းသင်းခရိုင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် (၇၆)နှစ် မြောက်ပြည်ထောင်စုနေ့အကြို မူလတန်းအဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် ၉နာရီကရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ကျင်းပပြုလုပ်ကြောင်းသိရသည်။