ကချင်ပြည်နယ်ဝန်ကြီးချုပ် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း တောင်သူပညာပေး သရုပ်ပြပွဲအား တက်ရောက်ကြည့်ရှုအားပေး
Jul 25,2022
မိုးစံပါးစိုက်တောင်သူများအတွက် လုပ်အားခသက်သာစေပြီး ဝင်ငွေတိုးပွားလာခြင်း၊ မျိုးစေ့ကုန်ကျမှု နည်းပါးခြင်း၊ လုပ်သားရှားပါးမှု အခက်အခဲများ လျှော့ချနိုင်စေခြင်းနှင့် လုပ်ငန်းတွင်ကျယ်စေခြင်း စသည့် အကျိုးကျေးဇူးများစွာ ရရှိနိုင်စေရန်အတွက် ကချင်ပြည်နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၇၉) စက်မှုလယ်ယာစခန်း(မြစ်ကြီးနား)မှ ဦးဆောင်၍ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း တောင်သူပညာပေးသရုပ်ပြပွဲ အခမ်းအနားကို ဇူလိုင် ၂၅ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ မန်ခိန် ရပ်ကွက်ရှိ စံပြစိုက်ကွက် ဧက (၁၀၀)ကွင်းအတွင်း ကျင်းပပြုလုပ်သည်။