သတင်းများ

ချောက်မြို့တွင် (၇၆) နှစ်​မြောက် ​​ပြည်ထောင်စုနေ့အထိမ်း အမှတ်အ​ကြို အသိပညာ​​ပေးဟော​ပြောပွဲကျင်းပ
Feb 07,2023
မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့နယ်၌ မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊​ မြို့နယ်ပညာရေးမှူးရုံး၊ ​မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူး​ပေါင်း၍ (၇၆) နှစ်​မြောက် ပြည်ထောင်စုနေ့အထိမ်း အမှတ်အ​ကြို အသိပညာ​​ပေးဟော​ပြောပွဲကို ယ​မန်နေ့ မွန်းလွဲ (၂) နာရီ အချိန်ကအမှတ် (၁) အ​ခြေခံပညာအထက်တန်း​ကျောင်း ဂီတခန်းမတွင် ကျင်းပခဲ့သည်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် (၇၆) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကျင်းပ
Feb 07,2023
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် (၇၆) နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကို ယနေ့နံနက် (၇) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ လွယ်ဆိုင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကွန်ဟိန်းမြို့၊ (Community Centre) ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် ဓါတ်ပုံပြပွဲဆောင်ရွက်
Feb 07,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ဓါတ်ပုံပြပွဲအား ယနေ့နံနက် (၉)နာရီခွဲ အချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လဲချားတွင် (၇၆) နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကျင်းပ
Feb 07,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် ကျရောက်သော (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန်က သီရိဟံသာခန်းမတွင် ကျင်းပခဲ့ပါသည်။
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်၊ သိပ္ပံကျောင်းများမှ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများ၊ ဗဟိုအဆင့်ဆေးရုံအုပ်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ မြို့နယ်စီမံအုပ်ချုပ်
Feb 07,2023
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်၊ သိပ္ပံကျောင်းများမှ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများ၊ ဗဟိုအဆင့်ဆေးရုံအုပ်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀နာရီက မန္တလေး ချမ်းအေးသာစံမြို့နယ်၊ ၂၆လမ်းနှင့် ၂၇ လမ်းကြား၊ ၇၁ လမ်းရှိ မြို့တော်ခန်းမတွင် ကျင်းပသည်။
မိုင်းစံမြို့တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ
Feb 07,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က မိုင်းစံမြို့ အ.ထ.က ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေချစ်သူများ တိုးတက်လာရေးအတွက် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင် သွားရောက်ငှားရမ်းခြင်းများဆောင်ရွက်
Feb 07,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများသည် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေချစ်သူများတိုးတက်လာရေးအတွက် အထွေထွေအုပ်ရေးဦးစီးဌာနရုံးသို့ စာအုပ်၊ စာစောင်များကို ယနေ့ နံနက်(၁၀)နာရီအချိန်က သွားရောက်ငှားရမ်းပေးခဲ့သည်။
မိုင်းခတ်မြို့နယ်တွင် သီးပွင့်ဆဲ ဘိန်းခင်းများ သွား​​ရောက်ဖျက်ဆီး
Feb 07,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် မိုင်းဟန်ကျေးရွာအုပ်စု၊ ဝမ်ကောင်းကျေးရွာအ‌ရှေ့တောင်ဘက် ၃ဖာလုံခန့်အကွာရှိ သီးပွင့်ဆဲဘိန်းခင်း (၄)ဧကအား ယမန်နေ့နံနက်က မိုင်းခတ်မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သွား​ရောက်ဖျက်ဆီးခဲ့ကြောင်း သိရသည်။