ဘီးလင်း ဖေဖော်ဝါရီ ၇
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အားကစားနှင့်ကာယပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ပညာရေးဌာနတို့နှင့်ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ခင်ကျင်းပြသခြင်းကို နံနက်ပိုင်း၌ ဘီးလင်းမြို့နယ် အနိုင်းပွန်ကျေးရွာမူလတန်းလွန်ကျောင်းနှင့် နေ့လယ်ပိုင်း၌ သစ်တိုကျွန်းကျေးရွာ မူလတန်းကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြ သည်။
ရှေးဦးစွာ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက ကျောင်းသား၊ ကျောင်းသူများအား ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံနှင့် အားလပ်ချိမ်များတွင် ကျောင်းစာအပြင် ပြင်ပဗဟုသုတ စာအုပ်များ ဖတ်ရှုခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများကိုလည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းရွှေက မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များနှင့် အားကစား လုပ်ဆောင်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများကိုလည်းကောင်း၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံဦးစီးမှူး ဒေါ်ဇင်ဖြူဝင်းက စားသုံးသူများ၏အခွင့်အရေးနှင့် တာဝန်ကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြသည်။
ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား ကလေးစာပေစအုပ်များ လေ့လာဖတ်ရှုစေ၍ စာဖတ်စွမ်းရည်ပြိုင်ပွဲများပြုလုပ်ပေးခြင်း၊ လူကုန်ကူးမှုကာကွယ်တားဆီးရေး၊ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေး၊ စိတ်ကြွရူးသွပ်ဆေးများ၏အန္တရာယ်နှင့် ပြစ်မှုပြစ်ဒဏ်များ၊ ကွမ်းစားသုံးခြင်းနှင့် စည်းကမ်းမဲ့ ကွမ်းတံထွေးထွေးမှုများ ကျဆင်းပပျောက်ရေး အသိပညာ ပေး နံရံကပ်စာစောင်များ ပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထူးနောင်(ပြန်/ ဆက်)