ရမည်းသင်း ဖေဖော်ဝါရီ ၇
မန္တလေးတိုင်းဒေသကြီး၊ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် (၇၆)နှစ် မြောက်ပြည်ထောင်စုနေ့အကြို မူလတန်းအဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် ၉နာရီကရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ကျင်းပပြုလုပ်ကြောင်းသိရသည်။
ရှေးဦးစွာရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွန်ကြားရေးမှူးဒေါ်သိမ့်သိမ့်မျိုးက (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို မူလတန်းအဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပခြင်းရည်ရွယ်ချက် နှင့်ပြိုင်ပွဲစည်းချက် များကိုရှင်းလင်းပြောကြားသည်။
ထို့နောက် ရမည်းသင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ Grade-2 ကျောင်းသား၊ကျောင်းသူ (၂၉) ဦးတို့မှ ပြည်ထောင်စုနေ့တို့မမေ့ ကဗျာရွတ်ဆိုပြိုင်ပွဲဝင်ခဲ့ကြကာ ခရိုင်ပြန်/ဆက်ရုံး ဝန်းအတွင်းပြသထားသည့် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ဓါတ်ပုံပြပွဲနှင့်စာအုပ်စာစောင်ပြသထားခြင်းကို ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများလေ့လာကြည့်ရှု့ခဲ့ကြကြောင်းသိရသည်။
ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)