သံတောင်ကြီးမြို့နယ်ကျောက်ဖြာအောက်နှင့်သင်္ဘောတောကျေးရွာတွင်မြစိမ်းရောင်ရန်ပုံငွေများ ထုတ်ချေးပေးခြင်းဆောင်ရွက်

သံတောင်ကြီး   ဖေဖော်ဝါရီ    ၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှစတင်ပြီး မြစိမ်းရောင်စီမံကိန်းဖြင့်ကျေးရွာများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့်ဝန်ထမ်းများက၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ပထမအကြိမ် မြစိမ်းရောင်ရန်ပုံ‌ငွေများ ထုတ်ချေးခြင်းကို ကျောက်ဖြာအောက်ကျေးရွာဘုရားကျောင်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ထိုသို့မြစိမ်းရောင်ရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးချမ်း ငြိမ်းဝင်းကမြစိမ်းရောင် စီမံကိန်းကော်မတီဝင်များ အချင်းချင်းစည်းလုံးညီညွှတ်စွာဖြင့် စီမံကိန်းလုပ်ငန်းများ ဆက်လက်အောင်မြင်အောင်ဆောင်ရွက်ကြရန်၊ စာရင်းဇယားများ ပြည့်စုံအောင် ဖြည့်သွင်းထားရန်၊ အသင်းသားများကလည်း  ချေးငွေဖြင့် လုပ်ငန်းများ အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်၊ သတ်မှတ်ကာလအတွင်း အရင်းနှင့်အတိုးများပြန်လည် ပေးဆပ်ကြရန်ပြောကြားခဲ့ပြီး မြစိမ်း ရောင်ရန် ပုံငွေကြီးကြပ်မှု ကော်မတီဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ အသင်းသားများအား ရန်ပုံငွေများပြန်လည် ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။

အဆိုပါ  မြစိမ်းရောင်ရန်ပုံငွေဖြင့် ကျောက်ဖြာအောက်နှင့် သင်္ဘောတောကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ အသင်း သား(၅၇)ဦးအတွက် ရန်ပုံငွေကျပ်(၂၄၅) သိန်း၊ မွေးမြူးရေးလုပ်ငန်း လုပ်ကိုင်သူအသင်းသာ(၇)ဦးအတွက် ရန်ပုံငွေကျပ်(၁၈)သိန်း၊ ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူအသင်းသား (၆)ဦးအတွက် ရန်ပုံငွေကျပ်(၃၇)သိန်း၊ စုစုပေါင်းရန်ပုံငွေကျပ်(၃၀၀)သိန်းအားထုတ် ချေးပေးခဲ့ကြောင်း သိရသည်။

နော်နော်မူ