သတင်းများ

ကျိုင်းတုံမြို့၌ (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကျင်းပ
Feb 07,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြို့တော်ခန်းမတွင် ကျင်းပသည်။
ထားဝယ်မြို့၌လူငယ်စကားဝိုင်းဆွေးနွေးပွဲအခမ်းအနားကျင်းပ      
Feb 07,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်လူငယ်ရေးရာကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီး ဌနနှင့်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ကျင်းပရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/မများ၊ ကျောင်းသား/သူများ စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြသည်။
 (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ကျပန်းစကားပြောနှင့် စကားရည်လုပြိုင်ပွဲကျင်းပ
Feb 07,2023
မိတ္ထီလာတက္ကသိုလ်၌ ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ကျပန်းစကားပြောပြိုင်ပွဲနှင့်  စကားရည်လုပြိုင်ပွဲအခမ်းအနားကို ယနေ့နံနက် ၈နာရီခွဲအချိန်က အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ကလောမြို့နယ်၌ (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ သဝဏ်လွှာဖတ်ပွဲကျင်းပ
Feb 07,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ယနေ့ကျရောက်သည့် (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက ကလောမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
မက်မန်းမြို့၌ (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကျင်းပ
Feb 07,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ’’ ကိုယ်ပိုင်အုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကို ယနေ့နံနက် ၇ နာရီက မက်မန်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကျိုက်ထိုမြို့ အ.လ.က (ကျိုက်ပိ)၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ
Feb 07,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ စာပေချစ်မြတ်နိုးသူများအသင်း (BookClub) တို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၁၀ နာရီတွင် အခြေခံပညာအလယ်တန်းကျောင်း (ကျိုက်ပိ )၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ဆည်မြို့နယ်တွင် နှမ်းဆီ(၁)ပိသာ (၁)သောင်းတစ်ထောင်ကျပ်ရောင်းချရဖြင့် မိုးနှောင်းနှမ်းစိုက်ပျိုးသူများအဆင်ပြေ
Feb 07,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နှမ်းဆီ(၁)ပိသာ (၁)သောင်းတစ်ထောင်ကျပ် ရောင်းချရသဖြင့် မိုးနှောင်းနှမ်းစိုက်ပျိုးသူများအဆင်ပြေလျက်ရှိကြောင်း ရဲဘော်ကြီးကျေးရွာမှနှမ်းစိုက်တောင်သူ ဦးမောင်ဦး ပြောပြ၍သိရသည်။
မိုင်းရယ်၌ (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကျင်းပ
Feb 07,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် (၇၅)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက် ၇ နာရီက မိုင်းရယ်မြို့၊ နမ့်ရယ်ခမ်းမ၌ ကျင်းပသည်။