သတင်းများ

လားရှိုးမြို့တွင် အခြေခံပညာကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနေမှုများအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်တာဝန်ရှိသူများ ကြည့်ရှုအားပေး
Jul 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ဇူလိုင်လ(၂၅)ရက်နေ့၊ နံနက်(၉)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများတွင် ကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ခရမ်းမြို့နယ် အ-ထ-က(၁)ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်
Jul 26,2022
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ပူးပေါင်းပြီး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မိုးနေကြာမျိုးစေ့ထုတ် စိုက်ခင်းများနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ကြည့်ရှုအားပေး
Jul 26,2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ မြန်အောင်မြို့နယ်အတွင်း မိုးနေကြာမျိုးစေ့ထုတ် စိုက်ခင်းများနှင့် မြန်အောင်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
လောင်းလုံးမြို့နယ်တွင် ရေတွင်းအသက်ကယ်ဆယ်ရေး လေ့ကျင့်ဆောင်ရွက်
Jul 26,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ရေတွင်းအသက်ကယ်ဆယ်ရေး လေ့ကျင့်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီက လောင်းလုံးမြို့နယ် မီးသတ်ဦးစီးမှူးရုံး၌ ပြုလုပ်သည်။
လားရှိုးမြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသများနှင့်ခရိုင်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်
Jul 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ပြည်ထောင်စုအားကစားကွင်း၊ လေ့ကျင့်ရေးအားကစားရုံတွင် ယမန်နေ့မွန်းလွဲ(၄)နာရီအချိန်က ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာ-တရုတ်နယ် စပ်ကုန်စည်စီးဆင်းရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးနှင့် ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ပေးထားသည့် ချေးငွေများ အကျိုးရှိစွာ အသုံးချခဲ့မှုအပေါ် ပြည်နယ်စိစစ်ကြပ်မတ်ရေးအဖွဲ့၏ (၂/၂၀၂၂) ရှင်းလင်းဆွေးနွေးခြင်းအစည်းအဝေးသို့ တက်
Jul 26,2022
ကချင်ပြည်နယ်အတွင်းရှိ ကန်ပိုက်တီ၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တစ်ဆင့် မြန်မာ -တရုတ် ကုန်စည်ပြန်လည်စီးဆင်းရာတွင် ပိုမိုအားကောင်းခိုင်မာပြီး ကြန့်ကြာမှုမရှိစေရေး၊ လျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်အဆင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီး ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁၃/၂၀၂၂)သို့ တက်ရောက်
Jul 26,2022
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁၃/၂၀၂၂)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ် ဆောင်ရွက်သည်။
ပင်းတယမြို့၌ ဝါတွင်းကာလ၊ ဆရာတော်၊ သံဃာတော် (၃၄၄)ပါးအား အာရုဏ်ဆွမ်းလောင်းလှူ
Jul 26,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်သံဃာတော် (၃၄၄)ပါးအား အာရုဏ်ဆွမ်းလောင်းလှူ ခြင်းကို ယနေ့ဝါဆိုလပြည့်ကျော် ၁၄ ရက်နေ့ (ဝါတွင်းကာလအဖိတ်နေ့) နံနက်အာရုဏ်တက်ချိန်၌ မြို့လည်ဓမ္မာရုံကြီးရှေ့တွင် မြို့နယ်ဝါတွင်းကာလ သံဃာ့ဒါနဆွမ်းလောင်း အသင်းအဖွဲ့ဥက္ကဋ္ဌနှင့် အသင်းအဖွဲ့ဝင်များလှူဒါန်း ကုသိုလ်ပြုခဲ့ကြသည်။