ပန်းတောင်း ဖေဖော်ဝါရီ ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ကျောင်းကျန်းမာရေးမှတ်တမ်းကတ်သုံးစွဲခြင်းနှင့် ကျောင်းကျန်းမာရေးလုပ်ငန်းဆောင်ရွက်မှု ဆန်းစစ်ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံက်(၁၀:၀၀)နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာသန်းထိုက်စိုး၊ မြို့နယ်ပညာရေးမှူးဦးသိန်းဒန်တို့မှ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ School Health Record Card သုံးစွဲခြင်းနှင့်ပတ်သက်ကာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထိုက်စိုးမှ ဆွေးနွေးပြောကြားပြီး တက်ရောက်လာသော ဆရာ၊ ဆရာမများအား သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်ဆရာဝန်ကြီးဒေါက်တာသန်းထိုက်စိုး၊ မြို့နယ်ပညာရေးမှူးဦးသိန်းတန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာများ စုစုပေါင်းအင်အား (၈၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
သင်းသင်းအေး (ပြန်/ဆက်)