သတင်းများ

မင်းပြားမြို့၌ ထိုင်းနိုင်ငံမှ မိမိနေရပ်သို့ ပြန်လည်ရောက်ရှိသူများအား ဌာနဆိုင်ရာများမှ ကြိုဆိုပို့ဆောင်
Feb 07,2023
နိုင်ငံတော်အစိုးရ၏ အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့၌ ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုး ကြောင့်မြန်မာနိုင်ငံသို့ ပြန်လာရန် အခက်အခဲ ကြုံတွေ့နေရသော နေရပ်ပြန်မြန်မာနိုင်ငံသား (၆၇၉)ဦး တို့အနက်မှ မင်းပြားမြို့သို့ (၃၄)ဦးအား ရွှေပြည်တန် အမြန် ရေယာဉ်ဖြင့် ယမန်နေ့ ညနေ ၅ နာရီ အချိန်က ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။
(၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြောက်ဦးမြို့ ကြက်ဈေးခွဆုံ၌ မီးပွိုင့်တပ်ဆင်ခြင်းလုပ်ငန်းဖွင့်လှစ်
Feb 07,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊မြောက်ဦးမြို့၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းမကြီးပေါ်ရှိ ဦးဥတ္တမလမ်း ၊ ကြက်ဈေးခွဆုံနေရာ၌ မီးပွင့်ပွိုင့်တပ်ဆင်ခြင်းလုပ်ငန်းဖွင့်ပွဲအထိမ်းအမှတ်အဖြစ် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းကိုယနေ့ နံနက် ၆ နာရီ ၃၀မိနစ်အချိန်က ကြက်ဈေးရပ်ကွက် ကမ္ဘာ့ရတနာဘဏ်ရှေ့၌ မီးပွိုင့်တပ်ဆင်ခြင်းလုပ်ငန်းပြီးစီးပြီးဖြစ်ပါ၍ မီးပွိုင့်ဖွင့်ပွဲအခမ်း အနား ကျင်းပပြုလုပ်ခဲ့ကြောင်း  သိရသည်။
ချောင်းဆုံမြို့နယ် ရွာလွတ်(အ.ထ.က)ကျောင်းတွင် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ
Feb 07,2023
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက (အ.ထ.က)ရွာလွတ်ကျောင်း ပညာဂုဏ်ရောင်ခန်းမတွင် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကိုကျင်းပခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Feb 07,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၏ ၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲကို ယနေ့ နံနက်ပိုင်းက ပေါင်မြို့၊ ဝါရီရူခန်းမ၌ ပြုလုပ်ခဲ့သည်။
တံတားဦးမြို့တွင် လူငယ်ရေးရာအကြောင်း အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ
Feb 07,2023
တံတားဦးခရိုင် တံတားဦးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးနှာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာအကြောင်း အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်(၁၁)နာရီက တံတားဦးမြို့ စကားအင်း အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ဟောပြောပွဲကျင်းပ
Feb 07,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့်ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သံတွဲမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ
Feb 07,2023
(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျေးရွာနှင့် ရပ်ကွက်ပေါင်းစုံ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား အမျိုးသား ၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ ၃:၃၀ နာရီက  သံတွဲမြို့မ အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
ကျောက်ပန်းတောင်းမြို့ရှိ အခြေခံပညာကျောင်းများသို့ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ ပြည်ထောင်စုနေ့ဆိုင်ရာများပညာပေးဟောပြော
Feb 07,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ခံထုတ်ဝေသည့်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက၊ ယနေ့နံနက်(၁၀)နာရီအချိန်က မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ဖြန့်ဝေပေးခဲ့ပြီး၊ ပြည်ထောင်စုနေ့အကြောင်းအရာများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။