ဒလမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် မြို့နယ် မီသတ်တပ်ဖွဲရုံးသို့ စာအုပ်၊ စာစောင်များအခမဲ့ငှားရမ်းခြင်း ကွင်းဆင်းဆောင်ရွက်

ဒလ ​ဖေ​ဖော်ဝါရီ ၇

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များအခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့ နေ့လည် ၉နာရီခွဲအချိန်က မြို့နယ်မီးသတ်တပ်ဖွဲ့ ရုံးသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စာကြည့်တိုက်သို့လာရောက်ရန် အခက်အခဲရှိပြီး အလုပ်တာဝန် မအားလပ်သည့် စာဖတ်ပရိတ်သတ်များကို စာပေဖတ်ရှုလေ့လာစေရန်ရည်ရွယ်၍ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးမြမိုးနှင့်ဝန်ထမ်းများက Mobile Library စနစ်ဖြင့်သုတ၊ ရသစာအုပ် (၅၀)အုပ်အခမဲ့ သွားရောက်ငှားရမ်းပေးခြင်း ကိုဆောင်ရွက်ပေးခဲ့သည်။

 ဆက်လက်ပြီး စာဖတ်ရှိန်မြှင့်တင်ရေးအတွက် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင် ငှားရမ်းပေးခြင်းကို ဌာနဆိုင်ရာနှင့် စာသင်ကျောင်းများသို့ အလှည့်ကျသွားရောက်ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်ဇော် (ပြန်/ ဆက်)