ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကျင်းပ

ဟိုပုံး ဖေဖော်ဝါရီ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် (၇၆) နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကို ယနေ့နံနက် ၇ နာရီအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်က (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ပေးပို့သည့် သဝဏ်လွှာအားဖတ်ကြားရာတွင် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ရက်နေ့တွင် ရှမ်းပြည်စဝ်ဖများ ကောင်စီအမှုဆောင်အဖွဲ့ဝင် စော်ဘွားများနှင့် ရှမ်းပြည်လူထုကိုယ်စားလှယ်များပါဝင်သည့် ပဏာမဆွေးနွေးပွဲ ကို စတင်းကျင်းပခဲ့ပါကြောင်း၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ရှမ်းနှင့်ကချင်ကိုယ်စားလှယ်များပူးပေါင်း၍ တွေ့ဆုံဆွေးနွေးပြီး ဖေဖော်ဝါရီလ၇ရက်နေ့တွင် ရှမ်း၊ ကချင်၊ ချင်းကိုယ်စားလှယ်များတွေ့ဆုံပြီး ဆပ်ကော်မတီဖွဲ့စည်းကာ ဆွေးနွေးဆုံးဖြတ်ချက်များကို သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ရက်နေ့တွင် ရှမ်း၊ ကချင်၊ ချင်းတိုင်းရင်းသားခေါင်းဆောင်များသည် ဗမာပြည်မနှင့်အတူ ပူးပေါင်း၍ လွတ်လပ်ရေးအရယူမည့် သဘောတူဆုံးဖြတ်ချက်များကို ရှမ်းပြည်နယ်၊ ပင်လုံမြို့၌ ချမှတ်နိုင်ခဲ့ပါကြောင်း၊ ထိုသို့တောင်တန်း၊ ပြည်မ မခွဲခြားဘဲ မြန်မာတစ်နိုင်ငံလုံးလွတ်လပ်ရေးကို အတူတကွ ရယူရန်ဆုံးဖြတ်နိုင်ခဲ့သည့် ဖေဖော်ဝါရီလ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်နေ့အဖြစ်ကျင်းပပြု လုပ်လာခဲ့သည်မှာ(၇၆)နှစ် တိုင်ခဲ့ပြီဖြစ်‌ကြောင်း၊ ယနေ့အချိန်အခါတွင် ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် အစဉ်တစိုက်ကြိုးပမ်းမှုများကြောင့် ဆွေးနွေးပွဲများကျင်းပလာနိုင်သဖြင့် ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် အကျိုးကျေးဇူးများ တိုးတက်ရရှိနိုင်တော့မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက် (၁၂)ရပ် တို့ကိုချမှတ်ကာ ဆောင်ရွက်လျက်ရှိပြီး တည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးပြင်ဆင်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံကြီးအား လွတ်လပ်မှု၊ လုံခြုံမှု၊ အေးချမ်းတည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာစေရေးအတွက် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်ပေးကြပါရန် တိုက်တွန်းအပ်ကြောင်းပြောကြားသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင်က ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပေးပို့သည့် (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့ သဝဏ်လွှာအား ဖတ်ကြားသည်။

အဆိုပါ အခမ်းအနားသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒေသ/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ စစ်မှုထမ်းဟောင်းများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရ သည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)