သရက်ချောင်းမြို့နယ်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အကြို နယ်လှည့်အသိပညာပေးဟောပြောပွဲကျင်းပ

သရက်ချောင်း ဖေဖော်ဝါရီ ၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင်(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အကြို နယ်လှည့်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က သရက်ချောင်းမြို့၊ မြို့မရပ်ကွက် (အ.မ.က–၁)ကျောင်းတွင် ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲသို့ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်‌နန်းခလိုက်ရှုနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများတက်ရောက်ခဲ့သည်။

ဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်‌နန်းခလိုက်ရှုက ကျောင်းသားကျောင်းသူများအနေဖြင့် "နေ့ထူးနေမြတ်ရက်များကို သိရှိစေရန်နှင့်တန်ဖိုးထားတတ်စေရန်၊  ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို အကျယ်တဝင့်ဟောပြောခဲ့ပြီး "အဘိုးအိုနှင့်သား(၃)ယောက်"ပုံပြင်ကိုပြောပြပြီးအသိ ပညာပေးဟောပြောခဲ့သည်။

ထို့နောက် ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/သူများနှင့် ရုပ်ပုံပြ/ပုံပြင်ခြင်းပြိုင်ပွဲ ဆောင် ရွက်​ပေးခဲ့ပြီး မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏အတ္ထုပ္ပတ္တိ၊ သမိုင်းဝင်မှတ်တမ်းဓါတ်ပုံများ၊ မိန့်ခွန်းကောက်နှုတ်ချက်များကို နံရံကပ်စာစောင်များဖြင့်ခင်းကျင်းပြသခဲ့ပြီး ကျောင်းသား/သူများ ကြည့်ရှုလေ့ လာခဲ့ကြောင်းသိရသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)