ပင်လုံမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ပင်လုံ ဖေဖော်ဝါရီ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး​ဌာနနှင့်​အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ''လူငယ်စကားဝိုင်း''ကို ယနေ့ နံနက် (၉) နာရီခွဲ အချိန်က ကျင်းပပြုလုပ်ခဲ့ပါသာည်။

ရှေးဦးစွာ အမှတ် (၁)​ အခြေခံပညာအထက်တန်း ကျောင်းကျောင်းအုပ်ဆရာမကြီးမှ အဖွင့် အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ပါသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကို ''လူငယ်နှင့်နည်းပညာ''ခေါင်းစဉ်ဖြင့် ဆွေးနွေးကြရာ အ.ထ.က (၁) ကျောင်းမှ Grade-11 ကျောင်းသူ နန်းစံမွမ်းဆိုင်က လူငယ်နှင့်နည်းပညာ ခေါင်းစဉ်အောက်မှ ဖုန်းသုံးများလွန်း၍ ကျန်းမာရေး၊ ပညာရေးပိုင်းဆိုင်ရာလျော့ကျမှု၊ Grade-10 ကျောင်းသား စိုင်းဝုန်းလိန် က နည်းပညာပိုင်းဆိုင်ရာတီထွင်ဖန်တီးနိုင်မှု၊ Grade -10 ကျောင်းသူ နန်းအိန္ဒြေဆုကိုက နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့်ဆက်သွယ်ရေး၊ Grade-9 ကျောင်းသား မောင်ထင်အောင်ဝင်းက အင်တာနက်စွဲလမ်းမှုပပျောက်ရေး၊ Grade-9 ကျောင်းသူ နန်းအိအိ​ထွေး က Online နှင့် လေ့လာသင်ယူနိုင်မှု စသည့် အကြောင်းအရာများဖြင့် အပြန်အလှန်ဆွေးနွေး ခဲ့ကြပြီး တက်ရောက် လာကြသည့် ကျောင်းသား/ကျောင်းသူများက ဆွေးနွေးမှုများအပေါ်  အပြန်အလှန်ဖြည့်စွက်ဆွေးနွေးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ်စကားဝိုင်းကျင်းပရာသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ​ဆရာ/ဆရာမများ၊ ကျောင်း သား/ကျောင်းသူများ စုစုပေါင်း (၁၆၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)