ဇေယျာသီရိ ဖေဖော်ဝါရီ ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ အထင်ကရနေရာများသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှယဉ်ကျေးမှုအဖွဲ့များ ယမန်နေ့မွန်းလွဲပိုင်းက လာရောက်လေ့လာခဲ့သည်။
လေ့လာရေးလာရောက်ရာတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုဦးဆောင်၍ လေ့လာရေးယာဉ်တန်းအဖွဲ့(၁)ဖြင့် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်တို့မှ ယဉ်ကျေးမှုအဖွဲ့ဝင်များက အုပ်ချုပ်သူဆရာ/မများနှင့်အတူ ဇေယျာသီရိမြို့နယ်ရှိ တိရစ္ဆာန်ဥယျာဉ်နှင့် နက္ခတ်တာရာပြခန်း(နေပြည်တော်)သို့ လေ့လာလည်ပတ်ခဲ့ ကြောင်းသိရသည်။
ထွန်းလင်း(ဇေယျာမြေ)