မဟာအောင်မြေ ဖေဖော်ဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့(၁၉)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားအား မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ဥက္ကဋ္ဌ ဒေါ်သီတာအောင်က အဖွင့်အမှာစကားပြောကြားပြီး အမျိုးသမီးရေးရာအဖွဲ့၊ အဖွဲ့ဝင် ဒေါ်ချိုမာဦးက မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ၂၀၂၃ခုနှစ်အတွက် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်(၉)ရပ်အား ဆွေးနွေးတင်ပြပြီးနောက် မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ၊အဖွဲ့ဝင် ဒေါ်မိုးမိုးက နေပြည်တော်တွင် တင်ပြခံသည့် ၂၀၁၉/၂၀၂၀/၂၀၂၁ခုနှစ် Power Point အား ထပ်ဆင့်ရှင်းလင်းတင်ပြခဲ့သည်။
တက်ရောက်လာသော မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ဥက္ကဋ္ဌ ဒေါ်သီတာအောင်နှင့် အမျိုးသမီးရေးရာအဖွဲ့၊ အဖွဲ့ဝင်များက လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၏စခန်းအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူ ထောင်ရေးသင်တန်း အပတ်စဉ် (၁/၂၀၂၃)၏ သင်တန်းသား(၂၀) ဦးအတွက် စားစရိတ်ငွေ (၁၆)သိန်းကျပ်အနက် (၈)သိန်းကျပ်အား ထောက်ပံ့ပေးခြင်း၊ရန်ပုံငွေနည်းပါသည့် မြို့နယ်(၁၇)မြို့နယ်များအား ရင်းနှီးမတည်ငွေ တစ်မြို့နယ်လျှင် (၃)သိန်းကျပ်နှုန်းစီ ထောက်ပံ့ပေးခြင်း၊Micro Credit ချေးငွေများ ထုတ်ချေးပေးခြင်း၊အမျိုးသမီးသက်မွေး အတတ်ပညာသင်တန်းကျောင်း ရေတွင်းပြန်လည် ပြုပြင်ရန် (၂၃)သိန်းကျပ် လှူဒါန်းခြင်းများအား အသီးသီးပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားအား မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ဥက္ကဋ္ဌ ဒေါ်သီတာအောင်နှင့် အမျိုးသမီးရေးရာအဖွဲ့၊ အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး အမျိုးသမီး ရေးရာအဖွဲ့၊ ခရိုင်/မြို့နယ် ဥက္ကဋ္ဌများ ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
အောင်ဇော်မင်း