ငါန်းဇွန်မြို့၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)မှ စာဖတ်ဝိုင်းကျင်းပ

ငါန်းဇွန် ဖေဖော်ဝါရီ ၁၇

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)မှ ချစ်နိုင်(စိတ်ပညာ)၏ “အမှန်တရားကိုမြတ်နိုးသူ” စာအုပ်ကို လေ့လာဖတ်ရှုပြီး စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက စာပေဖတ်ရှုခြင်း၏အကျိုးကျေးဇူးနှင့် စာဖတ်ဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)မှ အဖွဲ့ဝင် ဒေါ်မွှေးမဉ္ဇူသန်းက “ပြည်သူများကနိုးကြားပါမှသာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်သင်းသင်းဆွေက “အမှန်တရားကိုမြတ်နိုးသူ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မချောရတနာလွင်က “ပထမခြေလှမ်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ချစ်နိုင်(စိတ်ပညာ)၏ “အမှန်တရားကိုမြတ်နိုးသူ” စာအုပ်ပါခေါင်းစဉ်များအလိုက် မိမိတို့ဖတ်ရှုနားလည်မှုများကို အပြန်အလှန်ဆွေးနွေးကြရာ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။    

သက်နောင်ဦး